ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ကြားက ခရုဇ်သင်္ဘော ဟောင်ကောင်မှာ ဆိုက်ကပ်ခဲ့

Genting Hong Kong Limited ပိုင် တန်ချိန် (၁၅၁,၀၀၀)တန်ရှိတဲ့ World Dream အပျော်စီး(ခရုဇ်)သင်္ဘောဟာ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်က တရုတ်နိုင်ငံ၊ ဟောင်ကောင်ရှိ Kai Tak Cruise ဆိပ် ကမ်းဆီ ဆိုက်ရောက်ခဲ့ပါတယ်။ Genting က မကြာသေးခင်က World Dream သင်္ဘောပေါ်က ခရီးသည် (၃)ဦးဟာ ဇန်နဝါရီ ၁၉ ရက်နဲ့ ၂၄ ရက်ကြားမှာ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာများဖြစ်ပွားခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ အဆိုပါသင်္ဘောဟာ ထိုင်ဝမ်ဆိပ်ကမ်းကို ဆိုက်ကပ်ဖို့ အငြင်းခံခဲ့ရပြီး ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ဟောင်ကောင်ဆီ ပြန်သွားဖို့ အတင်းအကျပ် စေလွှတ်ခဲ့တာဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ တရုတ်ပြည် ဝူဟန်မြို့ကနေ ပျံ့နှံ့ခဲ့တာဖြစ်ပြီး ယခုအချိန်အထိ အနည်းဆုံး လူ (၄၉၀)ဦး သေဆုံးပြီး (၂၄,၀၀၀)ကျော်ကူးစက်ခဲ့ကာ အများစုမှာ တရုတ်နိုင်ငံက ဖြစ်ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)