မြန်မာနိုင်ငံအလယ်ပိုင်းကနေ မြင်တွေ့ရတဲ့ နေကြတ်ခြင်း

လဟာ နေရဲ့ အရှေ့သို့ ရွှေ့လျားသွားပြီး နေကြတ်နေတဲ့ဖြစ်စဉ်ကို ဒီဇင်ဘာ ၂၆ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဝမ်းတွင်းကနေ မြင်တွေ့ရတာဖြစ်ပါတယ်။

နေကြတ်ခြင်းဟာ နေလကမ္ဘာ တစ်တန်းတည်းကျရောက်ချိန်မှ နေနဲ့ကမ္ဘာအကြား လကျရောက်ပြီး လက နေကို ဖုံးကွယ်လိုက်တာ ဖြစ်ပါတယ်။ လအရိပ်ဟာ ကမ္ဘာသို့ကျရောက်ပြီး ဒီလအရိပ်ကျရာနေရာဟာ နေကို မမြင်ရဘဲ နေကြတ်ခြင်း (Solar Eclipse)ဖြစ်စဉ်ကို ဖြစ်ပေါ်စေပါတယ်။

ယခုနေကြတ်ဖြစ်စဉ်ကို နေကြတ်လမ်းကြောင်းကျရောက်ရာဒေသတွေဖြစ်တဲ့ ဆော်ဒီအာရေဗီးယား၊ အိန္ဒိယတောင်ပိုင်းဒေသ၊ သိရိလင်္ကာ၊ စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဂူအမ်ကျွန်းစတဲ့ ဒေသတွေကနေ မြင်တွေ့ကြပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကျန်ဒေသအများအစုမှာ နေအရစ်လိုက် မီးကွင်းပုံကြတ်ခြင်း (Annular Solar Eclipe or Ring of Fire Eclipse) ဖြစ်စဉ်ကို မြင်တွေ့နိုင်ခြင်းမရှိဘဲ နေတစ်ပိုင်းကြတ်ခြင်း (Partial Eclipse)ကိုသာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။

(ဓာတ်ပုံ - Ye Aung Thu/AFP)