အင်ဒိုနီးရှားနိုင်ငံ ၇၄ နှစ်မြောက်လွပ်လတ်ရေးနေ့အခမ်းအနားနှင့် အင်ဒို-မြန်မာ သံတမန်ဆက်ဆံရေး နှစ်ရ၀ ပြည့်အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှကျင်းပပြုလုပ်သော အင်ဒိုနီးရှားနိုင်ငံ ၇၄ နှစ်မြောက်လွပ်လတ်ရေးနေ့အခမ်းအနားနှင့် အင်ဒိုနီးရှား-မြန်မာ သံတမန်ဆက်ဆံရေး နှစ်ရ၀ ပြည့်အခမ်းအနားကို အောက်တိုဘာလ ၂၃ ရက် ည ၆ နာရီကရန်ကုန်မြို့ရှိ Pan Pacific Hotel တွင်ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးသိန်းနှင့် ဇနီးတို့အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ နိုင်ငံတကာသံရုံးများမှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြသည်။

နှစ်နိုင်ငံသံတမန်ဆက်ဆံရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး H.E. Prof.Dr.Iza Fadri နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့က မိန့်ခွန်းပြောကြားခဲ့သည်။

 

ဓာတ်ပုံ - သက်ကို