ဂျပန်မှာ တိုင်ဖွန်းမုန်တိုင်း ဟာဂျီဘစ် ဝင်ရောက်တိုက်ခတ်ပြီးနောက် မြင်ကွင်းများ

ဂျပန်မှာ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဟာဂျီဘစ် ဝင်ရောက်တိုက်ခတ်ပြီးနောက် နာဂိုနိုစီရင်စုက နာဂိုနိုဝန်းကျင်နဲ့ ဆိုက်တာမာတို့ မှာ ရေကြီးနေတာကို ဝေဟင်ကနေ အောက်တိုဘာ ၁၃ ရက်က မြင်တွေ့ရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေအရ မုန်တိုင်းတိုက်ခတ်တိုက်ခတ်မှုကြောင့် မြေပြိုမှုများနဲ့ နိုင်ငံအနှံ့အပြားက မြစ်ရေကြီးမှုတွေဖြစ်ပွားပြီးနောက် အနည်းဆုံးလူ (၉)ဦး သေဆုံးပြီး (၁၀)ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ - အီးပီအေ)