အားပြင်း တိုင်ဖွန်းမုန်တိုင်း ဟာဂျီဘစ် ဂျပန်ကို ဦးတည်

တိုင်ဖွန်း ဟာဂျီဘစ်ဟာ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းမှာ ဂျပန်အရှေ့ပိုင်းဆီ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပြီး လေတိုက်နှုန်း တစ်နာရီ ၁၃၄ မိုင်နှုန်းနဲ့ အမြင့်ဆုံး တိုက်ခတ်မယ်လို့ သိရပါတယ်။ ဒီရာသီအပြင်းထန်ဆုံး တိုက်ဖွန်းဟာ နိုင်ငံတဝန်း ဂျပန်ရဲ့ ရထားခရီးစဉ်ဝန်ဆောင်မှုအားလုံးကို ရပ်ဆိုင်းထားစေခဲ့ပြီး ပြည်တွင်းနဲ့ ပြည်ပလေယာဉ်ခရီးစဉ်ပေါင်း ၁,၆၀၀ ခန့် ဖျက်သိမ်းခဲ့ရပါတယ်။ မုန်တိုင်းဝင်မယ့် ဧရိယာတွေက ပြည်သူ ၁.၆၄ သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ဂျပန်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့တယ်လို့ သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ (ဓာတ်ပုံ - အီးပီအေ)