နော်အုန်းလှရုံးချိန်းကို လာရောက်ဝန်းရံသူ ၃၀၀ နီးပါးခန့်ရှိ

ရန်ကုန်မြို့လယ်တွင် ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့ခြင်းကြောင့် ဖမ်းဆီးခံထားရသည့် နော်အုန်းလှ နှင့် ကရင်လူငယ်နှစ်ဦးကို အောက်တိုဘာ ၂ ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ လာရောက်ဝန်းရံသူ ၃၀၀ နီးပါးခန့် ရှိခဲ့သည်။

ဝန်းရံသူများသည် မဟာဗန္ဓုလ ပန်းခြံအတွင်း၌ စီတန်းပြီး ကျောက်တံတားမြို့နယ် တရားရုံးအထိ လမ်းလျှောက်ကာ လာရောက်ဝန်းရံခဲ့ခြင်းဖြစ်သည်။

ဝန်းရံခဲ့သူများထဲတွင် ကရင်အမျိုးသားအစည်းအရုံးက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်သည့် ဖဒိုမန်းငြိမ်းမောင်အပြင် ကရင်လူငယ်များ ၊ ကရင်နီ ၊ပအို့်ဝ် ၊ ရခိုင် ၊ ဗမာ တက်ကြွလှုပ်ရှားသူများ စသဖြင့် လာရောက်ဝန်းရံခဲ့ကြသည်။