ဒါရိုက်တာမင်းထင်ကိုကိုကြီး ကိုထောင်ဒဏ်တစ်နှစ် ချမှတ်

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၅၀၅(က) ဖြင့် တပ်မတော်ကအမှုဖွင့်ဖမ်းဆီး တရားစွဲခံထားရသော ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို သြဂုတ်လ၂၉ရက်နေ့က အင်းစိန်မြို့နယ် တရားရုံးမှ ထောင်ဒဏ်တစ်နှစ် အမိန့် ချမှတ်လိုက်သည်။

အဆိုပါအမိန့်တွင် ချုပ်ရက်မှ ထုတ်နုတ်ခံစားခွင့်ပြုထားသဖြင့် ပြီးခဲ့သည့်ဧပြီလကတည်းက ဖမ်းဆီး ခံထားရသည့် ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် နောက်ထပ်ရှစ်လခန့် ထောင်ထဲ၌ နေရအုံးမည် ဖြစ်သည်။

ယခုအမိန့်ချရုံးချိန်းတွင် လွတ်လပ်စွာပြောဆိုခွင့်ကို ထောက်ခံဝန်းရံသည့် တက်ကြွလှုပ်ရှားသူများက လွတ်လပ် စွာပြောဆိုခွင့်ကိုဖိနှိပ်သော စစ်တပ်၏ အမှုဖွင့်အရေးယူမှုများကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြ စာသားပါ အင်္ကျီများကိုဝတ်ဆင်၍ ငါးကြိမ်မြောက်Blue Shirt Campaign ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - သူရ(မဇ္စျိမ)