တပ်မတော် ထိပ်တန်းအရာရှိများအပေါ် အမေရိကန်မှ အရေးယူပိတ်ဆို့မှုအတွက် ကန့်ကွက်ဆန္ဒပြ

တပ်မတော် ထိပ်တန်းအရာရှိများအပေါ် အမေရိကန်မှ အရေးယူပိတ်ဆို့မှုအတွက် ကန့်ကွက်ဆန္ဒပြ
**********************
တပ်မတော် ထိပ်တန်းအရာရှိများကို အမေရိကန်နိုင်ငံမှ အရေးယူပိတ်ဆို့ခြင်းအပေါ် ထောင်ချီသော ရဟန်း ၊ လူပုဂ္ဂိုလ်တို့က သြဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဗဟန်းမြို့နယ်ရှိ ရေခဲဆိုင်ကားမှတ်တိုင်မှ ဆူးလေးပန်းခြံအရှေ့ထိ လမ်းလျှောက်ကာ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လမ်းလျောက်ချီတက် ဆန္ဒထုတ်ဖော်ရာတွင် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံ ကို ကိုင်ဆောင်ကာ တပ်မတော်အပေါ်မတရားအရေးယူ ပိတ်ဆို့မှုများ ချက်ခြင်းရပ် ၊ အင်အားကြီးနိုင်ငံများ၏ အနိုင်ငံကျင့်မှုများ ချက်ခြင်း ရပ် ၊ ပြည်တွင်းပြည်ပ သစ္စာဖောက်လောက်ကောင်များ ဆန့်ကျင်ကြ ၊ မြန်မာ့ တပ်မတော်အပေါ် မတရားစွပ်စွဲပြောဆိုမှုများအား ဆန့်ကျင်ကြ ၊ တပ်မတော် ပြိုကွဲအောင် ကြံဆောင်သူ မှန်သမျှ ဆန့်ကျင် ကြ စသည့်တိုကို ကြွေးကြော် ခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုပြုလုပ်သူများသည် နောက်ဆုံးတွင် မဟာဗန္ဓုလပန်းခြံအရှေ့၌ စုံရုံးခဲ့ကြပြီး တပ်မတော် အပေါ်အရေးယူ ပိတ်ဆို့မှုများအတွက် ဦးလှဆွေ(ဘူးလက်) ၊ ဦးနေလင်း (အမတ်ဒိန်) တို့မှ ဟောပြော ခဲ့ကြသည်။
ဓာတ်ပုံ-သူရ/မဇ္ဈိမ