မိုက်ကယ်ကျော်မြင့်ကို ကိုးကြိမ်မြောက် ရုံးထုတ်

မိုက်ကယ်ကျော်မြင့်ကို ကိုးကြိမ်မြောက် ရုံးထုတ်
*********************
မိုက်ကယ်ကျော်မြင့်နှင့် အပေါင်းအပါတစ်ဦးကို သြဂုတ်လ ၂ရက်နေ့က တောင်ဒဂုံတရားရုံးမှာ ရုံးထုတ်ခဲ့သည်။

ယခုနှစ် မေလ၁၅ရက်နေ့ညတွင် တောင်ဒဂုံမြို့နယ်အတွင်းရှိ အစ္စလာမ်ဘာသာဝင်များ၏ ယာယီဝတ်ပြု ကျောင်းဆောင်များကို မိုက်ကယ်ကျော်မြင့်နှင့် လူတစ်စုက လိုက်လံပိတ်ခိုင်းခဲ့ပြီး အဆိုပါညတွင် လူစုလူဝေး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးဦးလှမြင့်က တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
ဓာတ်ပုံ-သူရ/မဇ္ဈိမ