ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေရှင်းမှ ဆရာတော်နှစ်ပါးကို သံဃမဟာနာယက အဖွဲ့ကခေါ်ယူဆုံးမသြဝါဒပေး

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေရှင်းမှ ဆရာတော်နှစ်ပါးကို သံဃမဟာနာယက အဖွဲ့ကခေါ်ယူဆုံးမသြဝါဒပေး
***********************
ဇွန်လ ၁၆ နဲ့ ၁၇ ရက်က ပြုလုပ်ခဲ့သည့် အမျိုးဘာသာသာသနာစောင့်ရှာက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေရှင်း (ဗဟို)၏ နှစ်ပတ်လည်စုံညီတွေ့ဆုံပွဲ နှင့် စပ်လျဉ်းပြီး အမျိုးဘာသာသာသနာစောင့်ရှာက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေရှင်း (ဗဟို)ဥက္ကဋ္ဌ ဆရာတော် ဦးတိလောကာဘိဝံသ နဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ဦးသီလက္နန္ဓာဘိဝံသ တို့ကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကခေါ်ယူဆုံးမ သြဝါဒပေးမည့် အခမ်းအနားကို ဇူလိုင်(၂၉ ) ရက်က ကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းတော်ကြီးမှာ ပြုလုပ်ခဲ့သည်။
အဆိုပါ သြဝါဒပေးမည့် အခမ်းအနားကို ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေရှင်း(ဗဟို) ဥက္ကဋ္ဌဆရာတော် ဦးတိလောကာဘိဝံသ ကြွရောက်နိုင်ခြင်း မရှိတဲ့အတွက်သြဝါဒပေးတာ မပြုလုပ်ခဲ့ဘူးလို့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးသီလက္နန္ဓာဘိဝံသက မိန့်ကြားခဲ့သည်။ ဓာတ်ပုံ-သူရ/မဇ္ဈိမ