အမျိုးသမီးကမ္ဘာ့ဖလားကို (၂)ကြိမ်ဆက် ရယူနိုင်ခဲ့တဲ့ အမေရိကန်အသင်း

အမျိုးသမီးကမ္ဘာ့ဖလားကို (၂)ကြိမ်ဆက် ရယူနိုင်ခဲ့တဲ့ အမေရိကန်အသင်း
*********************

ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းခဲ့တဲ့ (၈)ကြိမ်မြောက် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲကို ဇူလိုင် ၇ ရက်က ကျင်းပခဲ့ပြီး လက်ရှိချန်ပီယံ အမေရိကန်အသင်းက နယ်သာလန်အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို (၂)နှစ်ဆက်ဆွတ်ခူးခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်အမျိုးသမီးအသင်းဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင်အဖြစ် ချန်ပီယံဆုကို (၄)ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲရလဒ်

အမေရိကန် ၂-၀ နယ်သာလန်
ရက်ပီးနိုး ၆၁' (P)
လာဗယ်လေ ၆၉'

(ဓာတ်ပုံ - အီးပီအေ)