ဗစ်တိုးရီယားအတွက် တရားမျှတမှုပေါ်ပေါက်ရေးဟု ဆိုသည့် ဆန္ဒပြပွဲ ပြုလုပ်

ဗစ်တိုးရီယားအတွက် တရားမျှတမှုပေါ်ပေါက်ရေးဟု ဆိုသည့် ဆန္ဒပြပွဲ ပြုလုပ်

************************

ဗစ်တိုးရီယားအတွက် အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒပြပွဲတစ်ရပ်ကို ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉ နာရီတွင် အင်းစိန်၊ မင်းဓမ္မကုန်းရှိ ကျောက်တော်ကြီးဘုရားစုရပ်မှ အင်းစိန် CID ရုံးရှေ့အထိ အင်္ကျီအဖြူဝတ်ဆင်ထားသူများက ချီတက်ဆန္ဒပြခဲ့ကြသည်။
“ ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုရရှိရေး၊ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး၊
နောက်ထပ်ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေး၊ ကျွန်တော်တို့မျိုးဆက်အတွက် လွတ်လပ် လုံခြုံစိတ်ချရတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်ရေး” စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်ကို တွေ့ရသည်။
နေပြည်တော်ရှိ မူကြိုကျောင်းတစ်ခုတွင် တက်ရောက်နေသည့် အသက် ၂ နှစ်နှင့် ၁၁ လ အရွယ် ကလေးငယ် တစ်ဦး လိင်အကြမ်းဖက်ခံရမှုဖြစ်ပေါ်ပြီးနောက် ယင်းသို့ဆန္ဒပြခဲ့ကြခြင်းလည်း ဖြစ်သည်။
ဓာတ်ပုံ-သူရ/မဇ္ဈိမ