အဖွင့်ပွဲအရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အာဂျင်တီးနား

အာဂျင်တီးနား ၀-၂ ကိုလံဘီယာ| အဖွင့်ပွဲအရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အာဂျင်တီးနား

၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲ အုပ်စု (B)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အာဂျင်တီးနားနဲ့ ကိုလံဘီယာတို့ပွဲစဉ်မှာတော့ ကိုလံဘီယာအသင်းက (၂-၀) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ကိုလံဘာီယာရဲ့ အနိုင်ဂိုးတွေကို လူစားဝင်ကစားသမား (၂)ဦးက သွင်းယူသွားခဲ့တာပါ။ အာဂျင်တီးနားဟာ ၁၉၇၉ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကိုပါအမေရိကဖလားအဖွင့်ပွဲ ရှုံးနိမ့်ခဲ့ရပြီး ကိုလံဘီယာက ၂၀၀၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဂျင်တီးနားကို အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ မက်ဆီဟာ အခုဆိုရင် အာဂျင်တီးနားအတွက် နောက်ဆုံး (၁၃) ပွဲမှာ (၁၀)ပွဲအထိ ဂိုးပေါက်ပျောက်နေပါတယ်။ ဒါ့ကြောင့် နိုင်ငံအသင်းနဲ့အတူ အောင်မြင်မှုရယူလိုနေတဲ့ မက်ဆီအတွက်ကတော့ ဒီပွဲရှုံးနိမ့်မှုက စိတ်ပျက်စရာရလဒ်တစ်ခုဖြစ်ခဲ့ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)

ကိုပါအမေရိကဖလား အုပ်စုပွဲစဉ်ရလဒ်များ

အုပ်စု (B)
အာဂျင်တီးနား ၀-၂ ကိုလံဘီယာ
ဂိုး 
ရိုဂျာ မာတီးနက်ဇ် (၇၁)မိနစ်
ဒူဗင် ဇာပါတာ (၈၆)မိနစ်

အုပ်စု (A)
ဗင်နီဇွဲလား ၀-၀ ပီရူး

ဘရာဇီးလ် ၃-၀ ဘိုလီဗီးယား
ဂိုး
ကော်တင်ဟို (၅၀-P၊ ၅၃)မိနစ်
အဲဗာတန်ဆိုရပ်စ် (၈၅)မိနစ်