ကိုပါအမေရိကဖလားပြိုင်ပွဲ အဖွင့်လှခဲ့တဲ့ အိမ်ရှင် ဘရာဇီးလ်

ကိုပါအမေရိကဖလားပြိုင်ပွဲ အဖွင့်လှခဲ့တဲ့ အိမ်ရှင် ဘရာဇီးလ်

၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ ဖွင့်ပွဲအခမ်းအနားကို အုပ်စု (က)မှ ဘရာဇီးလ်အသင်းနဲ့ ဘိုလီဗီးယားအသင်းတို့ရဲ့ အဖွင့်ပွဲစဉ်နဲ့အတူ ဇွန်လ ၁၄ ရက်နေ့က ဆော်ပေါလ်လိုရှိ Morumbi ကွင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါအဖွင့်ပွဲစဉ်မှာ အိမ်ရှင် ဘရာဇီးလ်အသင်းက ဘိုလီဗီးယားကို (၃-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ပွဲပြီးရလဒ်
ဘရာဇီးလ် ၃-၀ ဘိုလီဗီးယား
ကော်တင်ဟို (၅၀-P၊ ၅၃)မိနစ်
အဲဗာတန်ဆိုရပ်စ် (၈၅)မိနစ်