မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ကိုရုံးထုတ်

မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ကိုရုံးထုတ်
**********************
တောင်ဒဂုံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွက် ပုဒ်မ ၅၀၅(ခ) ဖြင့်တရားစွဲဆိုခြင်းခံထားရသည့် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ကိုဇွန်လ ၁၄ ရက်နံနက်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။ နောက်ရုံးချိန်းကို ဇွန်လ ၂၁ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပြီး တရားလို အပါအဝင် လိုပြသက်သေ နှစ်ဦးကို စစ်ဆေးမည်ဟု တရားရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ - သက်ကို