ဟာဇက်ရဲ့ မိတ်ဆက်ပွဲ ပရိသတ် (၅၀,၀၀၀) ဝန်းကျင် လာရောက်ကြိုဆို

ဟာဇက်ရဲ့ မိတ်ဆက်ပွဲ ပရိသတ် (၅၀,၀၀၀) ဝန်းကျင် လာရောက်ကြိုဆို

အီဒင် ဟာဇက်ရဲ့ ကြိုဆိုမိတ်ဆက်ပွဲကို ဇွန်လ ၁၂ ရက်က ဆန်တီယာဂို ဘာနေဗျူးကွင်းကြီးထဲမှာ ပြုလုပ်ခဲ့ပြီး ဒီအခမ်းအနားကို ပရိသတ် (၅၀,၀၀၀)ဝန်းကျင် လာရောက်ကြိုဆိုခဲ့ပါတယ်။ ဒါဟာ စီရော်နယ်လ်ဒို၊ ကာကာတို့ပြီးနောက် တတိယအများဆုံး ပရိသတ်ကြိုဆိုမှုဖြစ်ပါတယ်။ (ဓာတ်ပုံ - Rodrigo Jimenez/အီးပီအေ) ရီးယဲလ်မက်ဒရစ် ချယ်လ်ဆီးအသင်းတို့ဟာ ဟာဇက်ရဲ့ အပြောင်းအရွှေ့အတွက် ယူရိုသန်း (၁၀၀) နဲ့ ထပ်ဆောင်းဆုကြေးငွေ ယူရိုသန်း (၃၀)ဖြင့် သဘောတူညီမှုရရှိခဲ့ပြီးနောက် ဟာဇက်ဟာ စပိန်လာလီဂါကလပ်နဲ့ (၅)နှစ် စာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။