ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွင်း ကွင်းထဲ ကျူးကျော်ဝင်ရောက်ခဲ့တာ ဘယ်သူလဲ?

ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွင်း ကွင်းထဲ ကျူးကျော်ဝင်ရောက်ခဲ့တာ ဘယ်သူလဲ?

လီဗာပူးလ်နဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ပွဲချိန်အတွင်း ကွင်းအတွင်းကို ရေကူးဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ကျူးကျော်ဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။

သူမကတော့ YouTube မှာ လိင်ပိုင်းဆိုင်ရာနှီးနှောပါဝင်တဲ့ ဟာသတွေ တင်နေမှုနဲ့အတူ နာမည်ကြီးနေတဲ့ ဗစ်တလီရဲ့ ချစ်သူ ရုပ်ရှင်သရုပ်ဆောင် ကင်ဆေး ဝိုလန်စကီဖြစ်ပါတယ်။

ဝိုလန်စကီဟာ ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းမှာ မြက်ခင်းပြင်တစ်လျှောက် ပတ်ပေးနေချိန်မှာ စာလုံးအဖြူနဲ့ အင်္ကျီပေါ်ရေးသားထားတဲ့ သူမချစ်သူ့ရဲ့ ညစ်ညမ်းဝက်ဘ်ဆိုက် Vitaly Uncensored ကို ကြော်ညာပေးခဲ့တာကို တွေ့ရပါတယ်။

ဝိုလန်စကီ ကျူးကျော်ဝင်ရောက်ခဲ့တာကြောင့် ပထမပိုင်းမှာ မိနစ်အနည်းငယ်မျှ ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ - အီးပီအေ)