စပါးကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလား (၆)ကြိမ်မြောက် ရယူနိုင်ခဲ့တဲ့ လီဗာပူးလ်

စပါးကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလား (၆)ကြိမ်မြောက် ရယူခဲ့တဲ့ လီဗာပူးလ်

ဇွန် ၂ ရက်၊ တနင်္ဂနွေနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသွား ချန်ပီယံလိဂ် All English Final မှာတော့ ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲမှာ ရီးယဲလ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးလ်အသင်းက စပါးအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကို (၆)ကြိမ်မြောက် ရယူနိုင်ခဲ့ပါတယ်။ (ဓာတ်ပုံ - အီးပီအေ) လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ ရီးယဲလ်မက်ဒရစ် (၁၃)ကြိမ်၊ အေစီမီလန် (၇)ကြိမ်တို့ပြီးနောက် တတိယအအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

စပါး ၀-၂ လီဗာပူးလ်
ဂိုး - ဆာလာ (၂)မိနစ် (P)၊ အိုရီဂီ (၈၇)မိနစ်