အာရှရဲ့ ပထမဆုံး တရားဝင်လိင်တူ လက်ထပ်ထိမ်းမြားခြင်း

အာရှရဲ့ ပထမဆုံး တရားဝင်လိင်တူ လက်ထပ်ထိမ်းမြားခြင်း

တရားဝင်လိင်တူ လက်ထပ်ထိမ်းမြားမှုအခမ်းအနားကို ထိုင်ဝမ်နိုင်ငံမှာ သောကြောနေ့က ပြုလုပ်ခဲ့ပါတယ်။ သမိုင်းဝင်သွားခဲ့ပါတယ်။ ဒါဟာ အာရှရဲ့ ပထမဆုံး တရားဝင်လိင်တူ လက်ထပ်ထိမ်းမြားမှုလည်း မှတ်တမ်းဝင်သွားတာဖြစ်ပါတယ်။ ထိုင်ဝမ်လွှတ်တော်အမတ်တွေဟာ လိင်တူလက်ထပ်ထိမ်းမြားခွင့်ကို မေလ ၁၇ ရက်က မဲပေးခဲ့ပြီး တရားဝင်ဥပဒေပြဌာန်းလိုက်ပါတယ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ၊ အီးပီအေ) ပြီးခဲ့တဲ့ အချိန်တွေမှာဆိုရင် ထိုင်ဝမ်နိုင်ငံတစ်လွှား လိင်တူ လက်ထပ်ထိမ်းမြားနိုင်ခြင်းနဲ့ ပတ်သက်လို့ အကြိမ်ပေါင်းမနည်း ဆူပူမှုနဲ့ ဆန့်ကျင်ကန့် ကွက် မှုတွေများစွာဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် မေလ ၁၇ ရက်မှာ ထိုင်ဝမ်ဗဟိုတရားရုံးတော်ကနေ အဆိုပါ ပြဌာန်းဥပဒေကို တရားဝင်ဖြစ်ကြောင်း အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။