အက်ဖ်အေဖလားကို (၆)ကြိမ်မြောက် ဆွတ်ခူးတဲ့ မန်စီးတီး

အက်ဖ်အေဖလားကို (၆)ကြိမ်မြောက် ဆွတ်ခူးတဲ့ မန်စီးတီး

မေလ ၁၈ ရက်က ဝင်ဘာလေကွင်းကြီးမှာ ပရီးမီးယားလိဂ်နဲ့ လိဂ်ဖလားတွေကို ရယူထားတဲ့ မန်ချက်စတာစီးတီးဟာ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဝက်ဖို့ဒ်ကို (၆-၀)ဂိုးပြတ် အနိုင်ယူပြီး တစ်ရာသီအတွင်း ပြည်တွင်းဖလား (၃)လုံးရ ပထမဆုံးအင်္ဂလန်ကလပ်အသင်းအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ မန်စီးတီးဟာ အက်ဖ်အေဖလားကို (၆)ကြိမ်မြောက် ရရှိတာဖြစ်ပြီး ဒီပြိုင်ပွဲသမိုင်းမှာလည်း အအောင်မြင်ဆုံးအသင်းစာရင်းမှာ အဆင့် (၈)နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)

အက်ဖ်အေဖလား ဗိုလ်လုပွဲရလဒ်
မန်စီးတီး ၆-၀ ဝက်ဖို့ဒ်
ဂိုး - ဆေးလ်ဗား (၂၆) မိနစ်၊ ဂျေးဆူ (၃၈၊ ၆၈) မိနစ်၊ ဒီဘရိုင်းနား (၆၁)မိနစ်၊ စတာလင် (၈၁၊ ၈၇) မိနစ်