တနင်္လာ, ၂၀ မေ ၂၀၁၃

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > အာဆီယံအတွက် မြန်မာ့ ရွေးကောက်ပွဲ စိန်ခေါ်မှုများရှိနေ

အာဆီယံအတွက် မြန်မာ့ ရွေးကောက်ပွဲ စိန်ခေါ်မှုများရှိနေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

သတင်းသုံးသပ်ချက်

အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်သည် လွန်ခဲ့သောလက မြန်မာ သမ္မတ ဦးသိန်းစိန်
နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ ယင်း တွေ့ဆုံမှုသည် နောင်တွင် အလွန်တာသွားသည့် အကျိုးဆက်များ
ဖြစ်ပေါ်လာစေမည့် အထူးတွေ့ဆုံမှု တရပ်ပင် ဖြစ်သည်။

ယင်းသည် မြန်မာသမ္မတ တဦးက အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် တဦးကို ပထမဆုံးအကြိမ် လက်ခံ
တွေ့ဆုံမှုလည်း ဖြစ်သည်။ ယင်းတို့နှစ်ဦး အာဆီယံ ထိပ်သီး အစည်းအဝေးများတွင် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့ကြဖူး
သော်လည်း ယခုကဲ့သို့ မြန်မာနိုင်ငံ၏ တရားဝင် ဧည့်သည်တော် တဦးအဖြစ် တွေ့ဆုံမှုမှာမူ ပထမဆုံးအကြိမ်ပင်
ဖြစ်သည်။ မြန်မာနိုင်ငံကို ဘားမားဟုလည်း သိကြသည်။

မြစ်ဝကျွန်းပေါ်ဒေသသို့ လှည့်လည်လေ့လာရန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံရန် မြို့တော် နေပြည်တော်မှ မထွက်ခွါမီ သူက သမ္မတကြီးကို ကိုယ်တိုင်တွေ့ဆုံ၍ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲကို `ပွင့်လင်းမြင်သာမှုရှိရန်နှင့် တာဝန်ခံမှု ရှိစေရန်´ ကိုယ်တိုင်ပန်ကြား ပြောဆိုခဲ့သည်။

“ခင်ဗျားတို့ရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေကို ခင်ဗျားတို့
၂၀၀၇ စက်တင်ဘာ သွေးထွက်သံယို အရေး အခင်းကြီးအပြီး နယူးရောက်မြို့မှ `စက်ဆုပ် ရွံရှာကြောင်း´ ပူးတွဲကြေညာချက် ထုတ်ခဲ့ သည်အထိ အမြင့်ဆုံးသို့ ရောက်ရှိ သွားခဲ့
သော်လည်း နေပြည်တော်အပေါ် အဖွဲ့ကြီး၏ သဘောထားမှာ ယခင်ကလိုပင် ခပ်ပျော့ပျော့ ပင် ဖြစ်သည်။

ဘယ်လိုလုပ်ကိုင်ဆောင်ရွက် နေကြသလဲ ဆိုတာကို အာဆီယံ ပြည်သူတွေ သိထိုက်ပါတယ်။ မြန်မာနိုင်ငံဟာ
ကျနော်တို့ အဖွဲ့ကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတော့မှာ
ပါ။ ၂ဝ၁ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲထက်တော့
ပိုမသာတောင် ပိုမဆိုးသင့်ပါဘူး။ နဲနဲ ပိုကောင်းလာမယ်
ဆိုရင်တော့ အဆင်ပြေမှာပါ။ အနိမ့်ဆုံးတော့ အာဆီယံ
မြို့တော်တွေက တာဝန်ရှိသူတွေနဲ့ သတင်း စာဆရာတွေ
ကို ဖိတ်ကြား သင့်ပါတယ်” ဟု သူက သမ္မတကြီးကိုပြောကြားခဲ့သည်။

ထို့နောက် အတိအကျပြောရလျှင် ရက်သတ္တ သုံးပါတ်အကြာ၌ အာဆီယံအဖွဲ့ကြီးမှ အကဲခတ် လေ့လာသူများ လာရောက်ရန် နေပြည်တော်က ဖိတ်ကြားခဲ့သည်။ ထိုအဖွဲ့တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ
တွေက အကဲခတ် နှစ်ဦးစီ၊ အာဆီယံ အတွင်းရေးမှူးအဖွဲ့က အကဲခတ် သုံးဦး တို့ ပါဝင်မှာဖြစ်ပြီး နောက်အပတ်မှာ
ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွေကို သွားရောက် လေ့လာကြရမှာ ဖြစ်ပါသည်။ အတွင်းရေးမှူးအဖွဲ့က သူတို့နဲ့အတူ သတင်းထောက် သုံးဦးကိုလည်း ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။

၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနှင့် အပုံကြီးကွာသည်မှာ ယခုအခါ အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့ကိုပင် အကဲခတ်များ စေလွှတ်ဘို့ ဖိတ်ကြားထားပြီး ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲကိုမူ နိုင်ငံတကာ အသိုင်းအဝိုင်းက အတုအယောင် ရွေးကောက်ပွဲအဖြစ် အကြီးအကျယ် ဝိုင်းဝန်း ရှုတ်ချထားခဲ့ကြသည်။ ထိုအချိန်က ရွေးကောက်ပွဲ ကို လေ့လာစောင့်ကြည့်ရန် ရန်ကုန်အခြေစိုက် သံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တို့ကိုသာ မြန်မာ အစိုးရက ဖိတ်ကြားခဲ့ပြီး မဲရုံများသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။

အနောက်တိုင်း နိုင်ငံများက အဆိုပါ ရွေးကောက်ပွဲကို သပိတ်မှောက်ကြချိန်တွင် အာဆီယံ သံတမန်များက သူတို့၏
သွေးစည်းညီညွတ်မှုကို ပြသခဲ့ကြသည်။ ယခုအခါတွင်မူ မြန်မာနိုင်ငံ ပြင်ပကရော ပြည်တွင်းက အကဲခတ်များကိုပါ အစိုးရက ဖိတ်ကြား ထားခြင်းဖြစ်သည်။ လာမည့် ကြားဖြတ် ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာကြောင်း၊ လွတ်လပ် မျှတကြောင်း ပြသလိုသည့် နေပြည်တော်မှ အစိုးရ၏ ပြင်းပြသည့်ဆန္ဒကို ထုတ်ဖော် ပြသလိုက်ခြင်းလည်းဖြစ်သည်။
ရွေးကောက်ပွဲကို မည်သို့မည်ပုံ ကျင်းပခဲ့သည် ဆိုသော အချက်သည် နောက်ထပ် ယုံကြည်မှု အသစ်များ တိုးတက် တည်ဆောက်ရာတွင် အရေးပါသည့်အချက် ဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ ဆယ်စုနှစ်နှင့်ချီ ကြာညောင်းခဲ့ပြီ ဖြစ်သော ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးရာ ပြန်လည် ရုပ်သိမ်းပေးရာတွင်လည်း ထည့်သွင်းစဉ်းစားရမည့် အရေးပါ
သော အချက် ဖြစ်ကြောင်း အမေရိကန်နှင့် အီးယူ ဥရောပသမဂ္ဂတို့က ထပ်လောင်းအတည်ပြု ပြောကြားထားကြ သည်။

သေချာလှပါသည်။ အဆိုပါဖြစ်စဉ်ကြီးတရပ်လုံးသာ ပြင်ပကမ္ဘာက လက်ခံနိုင်သည့် အခြေအနေသို့ ရောက်သွားလျှင် ဦးသိန်းစိန်၏အနေအထားမှာ ခိုင်မာသွားမည်ဖြစ်ပြီး သူ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆန့်ကျင်နေကြ သူများအား တုံ့ပြန်တိုက်ခိုက်ရန် လက်နက်ခဲယမ်းများ ရရှိသွားသလိုလည်း ဖြစ်ပါလိမ့်မည်။

ဤလုပ်ရပ်သည် အနောက်နိုင်ငံများသည်း ခြေကြိုက် လုပ်ရသည်ဖြစ်ရာ အတော်ပင် စွန့်စွန့်စားစား လုပ်ရသည့်ကိစ္စ
ဖြစ်သော်လည်း အာဆီယံနိုင်ငံများအဘို့မူ တာသွားမည့် အကျိုးဆက်များ ထွက်ပေါ်လာလိမ့်မည် မဟုတ်ပါ။
မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည့် ၁၉၉၇ ခုနှစ်မှ စ၍ အာဆီယံအဖွဲ့ကြီးသည် မြန်မာနိုင်ငံအဘို့ ဥတုသုံးပါးခံ မိတ်ဆွေစစ် မိတ်ဆွေမှန်ကြီး ဖြစ်ပြီး ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုများ အဆုံးသတ်ကြရေးအတွက် ကြိမ်ဖန်များစွာပင် တိုက်တွန်း တောင်းဆိုခဲ့သည်။ ၂ဝ၁ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲများ မကျင်းပမီကဆိုလျှင်
နိုင်ငံရေးအရ ရက်ရက်စက်စက် ဖိနှိပ်မှုများ ပြုလုပ်ခဲ့၍လည်းကောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများနှင့် ဒီမိုကရေစီ အခွင့်အလမ်းများ ဖွင့်မပေးခဲ့၍လည်းကောင်း မြန်မာနိုင်ငံသည် အနောက်နိုင်ငံများ ဦးတည်တိုက်ခိုက်ရာ ပစ်မှတ်တခု
ဖြစ်နေခဲ့သည်။

၂ဝဝ၃ ခုနှစ် ဒီပဲယင်း အကြမ်းဘက် တိုက်ခိုက်မှုအပြီး
ယခုကဲ့သို့ အာဆီယံ အတွင်းရေးမှူး အဖွဲ့ကို
မြန်မာနိုင်ငံက ဖိတ်ကြား၍ ရွေးကောက်ပွဲကို
စောင့်ကြည့် အကဲခတ်စေသည် ဆိုသည်မှာ အဖွဲ့ကြီး၏ ၄၅ နှစ်တာ ခရီးအတွင်း မကြုံစဖူး ထူးကဲသော ဖြစ်ရပ် ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဖိအား
တစတစ တိုးများလာပြီး ၂ဝဝ၇ စက်တင်ဘာ
သွေးထွက်သံယို အရေးအခင်ကြီးအပြီး နယူးရောက်
မြို့မှ `စက်ဆုပ်ရွံရှာကြောင်း´ ပူးတွဲကြေညာချက်
ထုတ်ခဲ့သည်အထိ အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့
သော်လည်း နေပြည်တော်အပေါ် အဖွဲ့ကြီး၏ သဘောထားမှာ ယခင်ကလိုပင် ခပ်ပျော့ပျော့ပင် ဖြစ်သည်။ ယခင်
 အာဆီယံအဖွဲ့က ကမ်းလှမ်းခဲ့ဖူးသော သုံးပွင့်ဆိုင် အဖွဲ့ စေလွှတ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပေးရေးတို့မှာလည်း ပယ်ချခံခဲ့ရသည်။ ထို့ကြောင့် နိုင်ငံတကာတွင် အဖွဲ့ကြီး၏ နာမည်နှင့် သိက္ခာ ကျဆင်းခဲ့ရမှု အတွက်လည်း ခါးစည်းခံခဲ့ကြရရုံပင် ရှိသည်။

အာဆီယံ အတွင်းရေးမှူးအဖွဲ့နှင့် ပတ်သက်လျှင်မူ သူ၏ အရေးပါသောကဏ္ဍကို နာဂစ်မုန်တိုင်းလွန် ကာလကပင် သိပ် အလေးထားခဲ့သည် မဟုတ်ပါ။ သို့သော်လည်း ထိုအချိန်က အာဆီယံ၊ မြန်မာနိုင်ငံ နှင့် ကုလသမဂ္ဂ သုံးပွင့်ဆိုင် ပင်မအဖွဲ့က နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီများနှင့် ပူးပေါင်းကာ ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ထောက်ပံ့ကူညီ ပေးခဲ့နိုင်သည်။

မြန်မာ အာဏာပိုင်များအနေနှင့် ဝန်မခံရဲသော်လည်း အဆိုပါ ပင်မအဖွဲ့ကြီး ၂ဝဝ၈ ဇွန်လ မှ ၂ဝ၁ဝ ဒီဇင်ဘာလ အထိ ၃၆ လကြာ ဝင်ရောက်ကူညီ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့်သာ မြန်မာနှင့် ရန်လိုနေပုံရသော ပြင်ပကမ္ဘာအကြား ယုံကြည်နားလည်မှုကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။ `မလိုလားအပ်သော´ နိုင်ငံခြားစွက်ဖက်မှုကို ကာကွယ် တားဆီးနိုင်ခဲ့သည် ဆိုသည်မှာမူ ပြောစရာပင် မလိုတော့ပါ။ အမှန်စင်စစ်အားဖြင့် ဒေါ်လာ ၁ ဘီလျံနီးပါး ပစ္စည်းနှင့်
ငွေကြေးများကို လူသားချင်း စာနာသည့် အကူအညီအဖြစ် ရရှိခဲ့ခြင်းကြောင့်သာလျှင် စစ်ဘက်ထိပ်သီးများအကြား ရှိနေသည့် အနောက်နိုင်ငံများအပေါ် အမြင်မကြည်လင်မှုများကို လျော့ပါးသက်သာအောင် လုပ်ဆောင်နိုင်ခဲ့ခြင်း
ဖြစ်သည်။

မျှမျှတတ ပြောရလျှင် အာဆီယံ အဖွဲ့ကြီး၏ ပဋိဉာဉ်စာတမ်း ပေါ်ထွက်လာပြီးမှသာလျှင် မြန်မာ နိုင်ငံတွင်း၌ အပြောင်းအလဲများ တစတစ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးတွင် ဦးသိန်းစိန် ခေါင်းဆောင်သည့် လက်ရှိ အစိုးရအဖွဲ့ကို မတ်လတွင် ဖွဲ့စည်းတာဝန် ပေးအပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအမြင်အရ ကြည့်လျှင် ယခုကဲ့သို့ အာဆီယံ အတွင်းရေးမှူးအဖွဲ့ကို မြန်မာနိုင်ငံက ဖိတ်ကြား၍ ရွေးကောက်ပွဲကို စောင့်ကြည့် အကဲခတ်စေသည် ဆိုသည်မှာ အဖွဲ့ကြီး၏ ၄၅ နှစ်တာ ခရီးအတွင်း မကြုံစဖူး ထူးကဲသော ဖြစ်ရပ် ဖြစ်သည်။ အမှန်စင်စစ် ဤလုပ်ရပ်က အာဆီယံ အဖွဲ့ကြီး၏ ချွတ်ယွင်း အားနည်းချက်များကို လူသိအောင် ဦးသိန်းစိန်က အသိမဲ့ လုပ်ဆောင်လိုက်သည့် ဖျက်လို ဖျက်ဆီး လုပ်ရပ်လည်း ဖြစ်နိုင်ပါသည်။

အာဆီယံနိုင်ငံများ၏ နိုင်ငံရေးနှင့် ရွေးကောက်ပွဲစနစ်များ၏ သဘောသဘာဝအရဆိုလျှင် ဒီမိုကရေစီ စနစ် အခြေခံ အဆောက်အုံများ တည်ဆောက်ရေးကို အသာထား၊ ရွေးကောက်ပွဲစနစ် `လွတ်လပ် မျှတရေး´ အတွက်ပင် သိပ်ပြီး
ပြောရေးဆိုခွင့်ရှိလှသည် မဟုတ်ပါ။ လွတ်လပ်သော ရွေးကောက်ပွဲများ ဖြစ်ပေါ်ရေး အာရှကွန်ယက်အဖွဲ့ ကဲ့သို့သော လွတ်လပ်သည့် စောင့်ကြည့် လေ့လာရေး အဖွဲ့များကို ယခုတကြိမ် ခွင့်မပြုသည်မှာမူ ယာယီအဟန့်အတားမျှသာ
ဖြစ်ပါလိမ့်မည်။ ၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲဆိုလျှင်မူ ထိုသို့ ဒီမိုကရေစီရေးအရ နောက်
ကြောင်း ပြန်လှည့်မည့် အဖြစ်များ ဖြစ်ပေါ်တော့မည်မဟုတ်ဘဲ လွတ်လပ်သော အကဲခတ်များကိုပင် နောက်ထပ် ဖိတ်ကြားလိမ့်မည်ဟု မျှော်လင့်ရပါသည်။ အမှန်အတိုင်းပြောရလျှင် အာဆီယံနိုင်ငံများထဲ၌ ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ကသာ ထိုသို့ လွတ်လပ်သော ပြင်ပအကဲခတ်များ လာရောက်စောင့်ကြည့်ခွင့်ကို သဘောတူခဲ့ကြခြင်းဖြစ်ပြီး ကျန် အာဆီယံ အဖွဲ့ဝင် ထက်ဝက်က ဆန့်ကျင်ပယ်ချခဲ့ကြပါသည်။

ဦးသိန်းစိန်က လွန်ခဲ့သော ရက်သတ္တပတ် ၎င်း၏ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို ခရီးစဉ်များ အတွင်း အာဆီယံ အကဲခတ်များ၏ အရေးပါမှုကို အမွှန်းတင်ပြောကြားခဲ့ပြီး ထောက်ခံကြပါရန်လည်း ပန်ကြားပြောဆိုခဲ့သည်။ ယင်း၏ အကျိုးရလဒ်အဖြစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံက ကျန်အဖွဲ့ဝင်နိုင်ငံများသို့ သဘောတူညီချက် ပေးပါရန် စာရေးသား ဖြန့်ဝေခဲ့သည်။

အာဆီယံ၏ စုပေါင်းတုံ့ပြန်ချက် မည်သို့ရှိမည်ကို
ဦးသိန်းစိန်က လွန်ခဲ့သော ရက်သတ္တပတ် ၎င်း၏ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို ခရီးစဉ်များ အတွင်း အာဆီယံအကဲခတ်များ၏ အရေးပါမှုကို အမွှန်းတင်ပြောကြားခဲ့ပြီး ထောက်ခံကြပါရန်လည်း ပန်ကြားပြောဆိုခဲ့သည်။
 စောင့်ကြည့် ရပါဦးမည်။ အမှန်စင်စစ် အာဆီယံဒေသတွင်း ဆွေးနွေးပွဲက မကြာသေးခင်က အရှေ့တီမောနိုင်ငံတွင် ပြုလုပ်ခဲ့သည့်
သမ္မတ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာရန်အတွက် အကဲခတ်အဖွဲ့တဖွဲ့ စေလွှတ်ရန် အစီအစဉ်ရှိခဲ့ပြီး ဖြစ်သည်။ သို့သော် နှစ်ဘက်စလုံးတွင် အုပ်ချုပ်မှုနှင့် လက်တွေ့ နည်းနာပိုင်းဆိုင်ရာ ပြဿနာများ ရှိနေ၍ အဆိုပါ အစီအစဉ်ကို ပယ်ဖျက်ခဲ့ရသည်။ ရှင်းရှင်းပြောရလျှင် အာဆီယံ
နိုင်ငံများအဘို့ ရန်ကုန် အခြေစိုက် သူတို့၏ သံတမန်များက လေ့လာစောင့်ကြည့်ခွင့် ရသည် ဆိုလျှင်ပင် ကျေနပ် လှပါပြီ။

အာဆီယံ အတွင်းရေးမှူးအဖွဲ့နှင့် ဆက်သွယ်လုပ်ကိုင်လိုက်ခြင်းအတွက် ဆူရင်၏ လုပ်ပိုင်ခွင့် သူ့ရုံး၏ သြဇာတို့နှင့် စပ်လျဉ်းပတ်သက်သည့် ကိစ္စတို့တွင်မူ မြန်မာနိုင်ငံအဘို့ ကူးတို့ဆိပ် မှို့အိတ် ဖွင့်လိုက်သလို ဖြစ်လိမ့်မည်။ ၂ဝဝ၈ ခုနှစ်တွင် အာဆီယံ ပဋိဉာဉ်စာတန်းကြီး ပေါ်ထွက်လာချိန်မှ စ၍ ယင်းတို့၏ လုပ်ပိုင်ခွင့်အာဏာမှာ တိုးမြင့်လာပြီး အာဆီယံအဖွဲ့ကြီး၏ အသံနှင့် အနေအထားတို့နှင့် စပ်လျဉ်း၍ ကိုယ်စားပြုခွင့်မှာလည်း ပိုမိုကျယ်ပြန့်လာခဲ့ပြီ ဖြစ်သည်။

၂ဝဝ၈ ခုနှစ်၊ မေလ နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်အပြီး ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ၌ အာဆီယံအဖွဲ့ကြီးက မြန်မြန်ထက်ထက် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်နိုင်ခဲ့ခြင်း ကြောင့်လည်း အဖွဲ့ကြီး၏ လူသားချင်းစာနာသည့် ကြိုးပမ်းအားထုတ်မှုများဖြင့် အဖွဲ့၏ ဂုဏ်သိက္ခာ တက်ခဲ့ရသည်။ သို့သော် ထိုလုပ်ရပ်ကို
နောင်တွင် နိုင်ငံရေးနယ်ပယ်အထိ ချဲ့ထွင်သွားနိုင်မည့် ကြိုးပမ်းမှုဟုတော့ မထင်လိုက်စေလိုပါ။ မြန်မာနိုင်ငံ၏ယခုလို ဖိတ်ခေါ်ကမ်းလှမ်းလိုက်မှုအပေါ် အာဆီယံ အဖွဲ့ဝင်နိုင်ငံများက မည်သို့တုံ့ပြန်မည်ဆိုသည်ကို စောင့်ကြည့်ရပါဦးမည်။

ယခုကဲ့သို့ ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အပါအဝင် ပြုပြင်ပြောင်းလဲရေး
ဖြစ်စဉ်တွင် ရေတိုနှင့်ရေရှည် တိကျသေချာသော ရည်မှန်းချက်များ ရှိနေပါသည်။ ဤလုပ်ငန်းစဉ်ကြီး နောက်ကြောင်း
ပြန်မလှည့်စေရပါဘူး ဟူသော မည်သည့် အာမခံချက်မျှ မရှိသလိုပင် တပ်မတော်အနေဖြင့်လည်း သူကသာ လုပ်ချင်သပဆိုလျှင် ဆောင်ရွက်ဆဲ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးတရပ်လုံးကို ဖျက်ဆီး ရပ်ဆိုင်းပစ်လိုက်နိုင် စွမ်း ရှိနေပါသည်။ ယခု လုပ်ငန်းစဉ်ကြီး အရှိန်မပျက် အနည်းဆုံး ၂ဝ၁၄ ခုနှစ်အထိ ဆက်သွားနေမည်ဆိုလျှင်တော့
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ကြီး၏ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမည်ဖြစ်ပြီး အာဆီယံ အဖွဲ့ကြီးနှင့် ကမ္ဘာကြီးအဘို့ သူတို့ တခါဖူးမျှ မတွေ့မမြင်ခဲ့ရသည့် အလုံးစုံကို သေတ္တာမှောက် ပြောင်းပစ်နိုင်မည့် ဒေသတွင်း ခေါင်းဆောင်သစ် တဦးကို မြင်တွေ့ခွင့်ရကြပါလိမ့်ဦးမည်။   ။

(မဇ္ဈိမ အင်္ဂလိပ်ဝဘ်ဆိုက်ပါ Kavi Chongkittavorn ၏ Burma poses electoral challenges to Asean အား ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ Kavi Chongkittavorn သည် ဘန်ကောက်အခြေစိုက် The Nation သတင်းစာမှ ပင်တိုင်ဆောင်းပါရှင် တဦး ဖြစ်သည်။)