ဖိုးစိန်ရဲ့ ဇာတ်သဘင်လုပ်ငန်း တနေ့တခြား ကြီးမားဖွံ့ဖြိုးလာတဲ့အခါမှာ အာဏာပိုင်များရဲ့ အကာအကွယ် အစောင့်အရှောက်ရမှသာ အရာရာ အဆင်ပြေမှု၊ လုံခြုံမှု ရနိုင်တယ်ဆိုပြီး ဖိုးစိန်က ဗြိတိသျှအစိုးရကို သူတတ်နိုင်တဲ့ဘက်က အကျိုးပြုတာများ ပြုလုပ်လာပါတယ်။
ပထမကမ္ဘာစစ်ကြီးဖြစ်တဲ့အခါ မဟာမိတ်စစ်သားများ သက်သာချောင်ချိရေးအတွက် ဖိုးစိန်က ကမ္ဘာ့ကြက်ခြေနီ အသင်းကြီး ရန်ပုံငွေအဖြစ် အလှူပွဲများ မြို့ကြီးတွေမှာ က,ပေးပြီး ဒီပွဲတွေက ရသမျှငွေတွေကို မပြောပ လောက်တဲ့စားရိတ်တွေနှုတ်ပြီး အားလုံးပေးလှူတယ်။
ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၁၇ ခုနှစ်လောက်မှာ
| ဖိုးစိန်အနေနဲ့ကတော့ အုပ်စိုးသူများကို မဟာမိတ်ပြုပြီး အမျိုးသား ကိစ္စလေးများ ပေါ်ပေါက်လာရင် သူက စေ့စပ်ပေးတဲ့ သဘောနဲ့ ဟိုဘက်နဲ့လည်း ကောင်း၊ ဒီဘက်နဲ့လည်း ကောင်း ဆိုတဲ့ မီးမသေ ရေမနောက် လမ်းကလေးကို ကြိုက်တာပေါ့။ |
ဖိုးစိန်အနေနဲ့ကတော့ အုပ်စိုးသူများကို မဟာမိတ်ပြုပြီး အမျိုးသား ကိစ္စလေးများ ပေါ်ပေါက်လာရင် သူက စေ့စပ်ပေးတဲ့သဘောနဲ့ ဟိုဘက်နဲ့လည်း ကောင်း၊ ဒီဘက်နဲ့လည်း ကောင်း ဆိုတဲ့ မီးမသေ ရေမနောက် လမ်းကလေးကို ကြိုက်တာပေါ့။ ဒါကြောင့် ဧရာဝတီတိုင်း ကော်မရှင်နာနဲ့ ပုလိပ်မင်းကြီးနဲ့ သိကျွမ်းခင်မင်တဲ့ ဖိုးစိန်က သံချိုဦးကျော်လှကို ဗြိတိသျှ နယ်ချဲ့က ဖမ်းတဲ့အခါ သဘင်သည်များရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို မထိပါးစေချင်ဘူးဆိုပြီး ဦးကျော်လှကို လွှတ်ပေးဖို့ မေတ္တာရပ်ခံတာမျိုး သူက လုပ်ပေးပါတယ်။ သူမေတ္တာရပ်တော့လည်း အာဏာပိုင်များက လွှတ်ပေးပါတယ်။
ဖိုးစိန်နဲ့ နယ်ချဲ့ဗြိတိသျှအစိုးရနဲ့ အဲဒီလို အလွမ်းသင့်နေခိုက
| ယူနီယံ ဂျက်အလံ ယိမ်းနဲ့ ဗြိတိသျှ နယ်ချဲ့ကို အလိုတော်ရိ လုပ်တဲ့ ကိစ္စများ ရပ်ပေးပါ။ မရပ်ဆိုင်းရင် ဖိုးစိန် ရုံပေါက်မှာ သပိတ် တားရပါလိမ့်မယ်... |
အဲဒီတော့ ဖိုးစိန်က လိမ်မာပါးနပ်စွာ ထွက်ပေါက်ရှာတယ်၊ ဘယ်လိုလဲဆိုတော့ သူကတဲ့ယိမ်းဟာ တပတ်လောက်ပဲ က,ဖို့ စီစဉ်တာပါ။ ပြီးခါနီးနေပြီလို့ ဈေးဆစ်ကြည့်ပါတယ်။ ဂျီစီဘီအေ လူကြီးများက ချက်ချင်း ရပ်ဆိုင်းပေးပါလို့ တောင်းတယ်။ ဖိုးစိန်က ဒါဖြင့် သူ့ကိုယ်သူ မပိုင်ဘူး၊ သူ့ကို ပွဲကြည့်ပရိသတ်ကသာ ပိုင်တယ်။ ပရိသတ်က လက်မခံနိုင်ဘူးဆိုရင် သူက ဒီအစီအစဉ်ကို ရုပ်သိမ်းပါမယ်ဆိုပြီး ညကျတော့ ဇာတ်ခုံပေါ်ကနေပြီး ပရိသတ်ကို သူကမေးတယ်။ မေးတဲ့အခါ ပရိသတ်က ဂျီစီဘီအေ အဖွဲ့ကြီးနဲ့ တသံတည်း ပြန်ဖြေတယ်။ ဒါကြောင့် ဖိုးစိန်ဟာ အမျိုးသားဘက်ကို လိုက်လျောလိုက်ရတယ်။ ယူနီယံဂျက် အလံယိမ်းကို ရပ်လိုက်ရ ပါတယ်။ နောက်တော့ ဖိုးစိန်က ဗြိတိသျှ အစိုးရနဲ့ သင့်မြတ်အောင်တဘက်က ပေါင်းပြီး တဘက်ကျတော့ ဂျီစီဘီအေကို လျှို့ဝှက် ရန်ပုံငွေများ ထောက်ပံ့လာပါတယ်။
၁၉၂ဝ ခုနှစ် ဧပြီလမှာ ဖိုးစိန်ကို ဗြိတိသျှအစိုးရက တီပီအက်စ် ဆိုတဲ့ ဘွဲ့တခုပေးအပ်တယ်။ တီပီအက်စ် ဆိုတာ “တိုင်းကျိုးပြည်ကျိုးဆောင်” ပုဂ္ဂိုလ်လို့ ဗြိတိသျှက သိအမှတ်ပြုခြင်းပါ။ ဒီဘွဲ့ဟာ ဖိုးစိန်ကို ပထမဆုံး ပေးအပ်တာ ဖြစ်တယ်။ ဖိုးစိန်အတွက် ဒီဘွဲ့ကို ဖန်တီးတာဖြစ်တယ်လို့တောင် ဆိုကြပါတယ်။ နောက်တော့ ဗြိတိသျှ အင်ပါယာ တည်မြဲရေးအတွက် တစွန်းတစ အကူအညီပေးတဲ အရပ်သူ အရပ်သားများကိုလည်း ဒီဘွဲ့ ဗြိတိသျှအာဏာပိုင်တို့က ချီးမြှင့်သွားပါတယ်။
ဖိုးစိန်ကို ဗြိတိသျှ အစိုးရက တီပီအက်စ် ဘွဲ့ပေးတော့ သတင်းစာတွေက တညီတညာတည်း ဖိုးစိန်ကို “ဖိုးစိန်ကြီး” အင်္ဂလိပ်လို ဂရိတ်ဖိုးစိန် လို့ရေးကြပါတယ်။ ဒါကြောင့် အဲဒီအချိန်ကစပြီး ဖိုးစိန်ဟာ ဖိုးစိန်ကြီး ဖြစ်လာပါတယ်။ ဒီ “ကြီး” တလုံးကိုလည်း ဖိုးစိန်က နှစ်နှစ်ခြိုက်ခြိုက်ကြီး လက်ခံလိုက်ပါတယ်။ အဲဒီတော့ ဖိုးစိန်အသက် ၃၈ နှစ်ရှိပါပြီ။
ဖိုးစိန်ဟာ ဂရိတ်ဖိုးစိန်အပြင် မေတ္တာစိန်နဲ့ ဘုရားဒကာစိန်
| “သဘင်ဟာ ဘုရင်နဲ့ တွဲရက်ချည်းဘဲ၊ ဘယ်တော့မှ အားမငယ်နဲ့ ၊ ဘယ်တော့မဆို ဒို့ကရှေ့က၊ ၊ဘယ်မင်းလက်ထက်မဆို သဘင်ကို မြှောက်စားရတာချည်းဘဲ” |
ဗြိတိသျှအစိုးရက ချီးမြှင့်တဲ့ တီပီအက်စ် ဘွဲ့ရပြီး တနှစ်မကြာခင်အတွင်း ကျောင်းသားတွေက ဖိုးစိန်ကို သပိတ်မှောက်တာ ခံရပါတယ်။ ဒီအခါမှာ ဖိုးစိန်ဟာ ပြည်သူနဲ့ ဖိနှိပ်တဲ့ နယ်ချဲ့အစိုးရကြားမှာ သူဘယ်လို စခန်းသွားမှဖြစ်မယ်ဆိုတဲ့ သင်ခန်းစာကို တန်ဖိုးကြီးကြီးပေးပြီး ယူလိုက်ရပါတယ်။
ဒုတိယ ကမ္ဘာစစ်ဖြစ်တော့ ကြင်ယုံရဲ့ဇာတိ ဒေးဒရဲကို ဖိုးစိန်တို့ ပြေးကြတယ်။ ဂျပန်ပြန်ဝင်တော့ ဂျပန်စစ်ဗိုလ် များက က,ပေးရမယ်ဆိုလို့ ဖိုးစိန်တို့ ရန်ကုန်ကို ပြန်ပြောင်းလာကြတယ်။ စစ်ကြီးဖြစ်လာတော့ ဇာတ်ခေါင်း ကွဲပြီး သူတနေရာ ငါတနေရာ ပြေးကြသွားကြရတော့ ကဲနက်စိန်က ဒီလူတွေ ပြန်လို့မှ စုမိပါအုံးမလားဆိုပြီး မျက်ရည်ကျရှာသတဲ့။ အဲဒီ ဖိုးစိန်မှာ “သဘင်ဟာ ဘုရင်နဲ့ တွဲရက်ချည်းဘဲ၊ ဘယ်တော့မှ အားမငယ်နဲ့ ၊ ဘယ်တော့မဆို ဒို့ကရှေ့က၊ ၊ဘယ်မင်းလက်ထက်မဆို သဘင်ကို မြှောက်စားရတာချည်းဘဲ” လို့ပြောပါသတဲ့။
လူထုဒေါ်အမာ
အောင်ဗလ ဖိုးစိန် စိန်ကတုံး (၁၉၆၇)မှ










