စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > အာဘော်နှင့်အမြင် > အယ်ဒီတာ့ထံပေးစာ > မတက်ချင်လည်း တက်ရသော သင်တန်း

မတက်ချင်လည်း တက်ရသော သင်တန်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အယ်ဒီတာခင်ဗျား …

ကျနော်တို့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲက ကျေးရွာတွေမှာ တရွာကို တပတ်ကျစီ ပြည်သူ့စစ် သင်တန်းတွေ တက်နေရပါတယ်။ ဒေသခံစစ်တပ်တွေက သင်တန်းပေးတာပါ။

မိသားစုတစုမှာ အသက် ၁၈ နှစ်ကနေ ၃ဝ နှစ်ကြား လူငယ်တွေ မတက်မနေရပါ။ ဒါတင်မကပါ၊ သင်တန်းတက်သူတိုင်း သင်တန်းကြေးအဖြစ် တယောက်ကို ကျပ် ၁ဝဝဝ စီ ပေးရပါသေးတယ်။

သင်တန်းချိန်က မနက် ၈ နာရီကနေ ၁ဝ နာရီထိ တကြိမ်၊ ညနေ ၃ နာရီကနေ ၆ နာရီ တကြိမ် တက်ရပါတယ်။ ကျနော်တို့မှာ အလုပ်လည်း ပျက်၊ ငွေလည်း ပေးရ၊ လူလည်း ပင်ပန်းရပါတယ်။ ကျနော်ဆို ဒီလိုသင်တန်း တက်ရတာ ၃ ခါ ရှိပါပြီ။

ကျနော်တို့ ရခိုင်ပြည်နယ်မှာ စစ်တပ်ကို နင်လားငါလား တိုက်နေတဲ့ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေလည်း ဒီလောက် မရှိပါဘူး။ ဘာဖြစ်လို့များ ဒီစစ်သင်တန်းကို မရမက တက်ခိုင်းနေတာလည်း မသိပါဘူး။ မလိုအပ်တဲ့ အလုပ်တွေပါဗျာ။

ငြိမ်းငြိမ်းချမ်းချမ်း နေချင်တဲ့ ပြည်သူတွေကို သူတို့ အာဏာပိုင်တွေ ပြောနေတဲ့ သောင်းကျန်းသူဆိုတဲ့ ဒီမိုကရေစီ လိုလားသူတွေက ဒုက္ခမပေးဘဲ သူတို့ကိုယ်တိုင်က ဒုက္ခပေးနေတာမျိုးပါ။

ကျနော်တို့ တောသူတောင်သားတွေဆိုတာ လယ်ယာအလုပ်ကိုပဲ မိုးနဲ့အတူ လုပ်ကိုင်စားသောက်ရတာဆိုတော့ မိုးရွာမှ လယ်ထွန်ရပါတယ်။ အခုကျ မိုးရွာလို့ လယ်ထွန်ချိန်မှာ အလုပ်ကို ကောင်းကောင်းမလုပ်နိုင်ဘဲ ပြည်သူ့စစ်သင်တန်းပဲ တက်နေရတာက အဓိပ္ပာယ်မဲ့ နေပါတယ်ခင်ဗျား။


ရသေ့တောင်သားတဦး
ရခိုင်ပြည်နယ်