စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > အာဘော်နှင့်အမြင် > အယ်ဒီတာ့ထံပေးစာ > ဝန်ထမ်းတွေလည်း လုပ်အားပေးနဲ့ မလွတ်

ဝန်ထမ်းတွေလည်း လုပ်အားပေးနဲ့ မလွတ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အယ်ဒီတာခင်ဗျား …

ချင်းပြည်နယ် ပယက ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟုန်းငိုင်း၊ ခရိုင်နဲ့ မြို့နယ်အာဏာပိုင်တွေက ဖလမ်းမြို့ပေါ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို လက်ဖက်စိုက်ခိုင်း၊ လက်ဖက်ခြံ ပေါင်းရှင်းခိုင်းတွေအပြင် မြို့ပေါ်လမ်းတွေ ရှင်းလင်းခိုင်းတာ၊ မြေတူးခိုင်းတာတွေကို ပြီးခဲ့တဲ့လ ၂၉ ရက်နေ့ကစပြီး စနေနေ့တိုင်း လုပ်အားပေးခိုင်းနေပါတယ်။ မိုးရာသီကုန်သည်အထိ လုပ်အားပေးဖို့ ညွှန်ကြားထားတာပါ။

ဖလမ်းမြို့ အနောက်ဘက် ၁ မိုင်လောက်ဝေးတဲ့ တမိုင်ဘုန်းကြီးကျောင်းနဲ့  အနောက်ဘက် ၁၈ မိုင်လောက်ဝေးတဲ့ တလန်းဇာရွာက လက်ဖက်ခြံတွေကို ပယက ဥက္ကဋ္ဌ၊ ခယက ဥက္ကဋ္ဌနဲ့ ဝန်ထမ်း ၃ဝဝ ကျော်လောက်က ပြီးခဲ့တဲ့လ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ဟန်ပြနဲ့ စိုက်ပျိုးခဲ့ကြပါတယ်။ အဲဒီနေရာတွေမှာ လုပ်ကိုင်ပေးရတာပါ။

ဓား၊ ပေါက်တူးနဲ့ ပေါက်ပြားတွေ ကိုင်ပြီး မြေတူးနဲ့ ရှင်းလင်းမှုတွေ လုပ်ရတာက မနက် ၁ဝ နာရီကနေ ညနေ ၅ နာရီထိပါ။  တခေါက်မသွားရင် ၂ဝဝဝ ကျပ်ကို လစာထဲက လျော်ရမယ်လို့ ပြောထားတာကြောင့် မလုပ်ချင်ပေမယ့် အောင့်အီးလုပ်နေရပါတယ်။

ကျနော်တို့ ဝန်ထမ်းတွေအဖို့ စနေ၊ တနင်္ဂနွေ ၂ ရက်သာ အားလပ်ချိန် ရှိတာပါ။ ဒီအထဲကမှ စနေတရက် လုပ်အားပေးနေရလို့ တအားပင်ပန်းပါတယ်။ ကိုယ်ရတဲ့ လစာနဲ့ မဆိုင်တဲ့ အလုပ်ကို လုပ်ခိုင်းရင် လုပ်အားခတော့ ရသင့်ပါတယ်။ ဒါပေမဲ့ ကိုယ့်ထမင်းထုပ်နဲ့ကိုယ် လုပ်အားပေးရတာမျိုးပါ။

ချင်းပြည်နယ် ဖလမ်းမြို့မှာ လဝက၊ စိုက်ပျိုးရေး၊ ပညာရေးနဲ့ ကျမ်းမားရေးဌာန စတဲ့ ဌာနဆိုင်ရာ ၃၄ ခုလောက်ရှိရာမှာ ဝန်ထမ်းဦးရေ ၄ဝဝဝ ကျော် ရှိပါတယ်။ အကုန်လုံး မသွားမနေရပါပဲ။

ဖလမ်းမြို့ သာယာဖို့၊ လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့နဲ့ သန့်ရှင်းဖို့ အတွက်ပါလို့ မြို့နယ် အာဏာပိုင်တွေက အော်ခိုင်းခိုင်းနေတာပါ။

ဖလမ်းမြို့နယ်မှာ တမိုင်ဘုန်းကြီးကျောင်း၊ တလန်ဇာ၊ ဆွန်တလာနဲ့ ကောက်ကွင်းမှာ လက်ဖက်စိုက်ခင်း ၄ ခင်း (ဧကပေါင်း ၄ဝ ကျော်) ရှိပါတယ်။ ချင်းပြည်နယ် တပြည်နယ်လုံးမှာ လက်ဖက်စိုက် ဧကပေါင်းက ၂ဝဝ ကျော်ပါ။

ချင်းပြည်နယ်မြို့တော် ဟားခါးမှာလည်း ဒီလ ၉ ရက်နေ့တုန်းက ပယက ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ် မယကအဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက လက်ဖက်ပင် ၃၆ဝဝ ကျော်ကို စိုက်ပျိုးပါတယ်လို့ ဒီလ ၁၉ ရက်နေ့ထုတ်  စစ်အစိုးရ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါသေးတယ်။

လက်ဖက်ပင်တွေကို စိုက်ပျိုးတဲ့ ချင်းပြည်နယ် ၉ မြို့နယ်ကတော့ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ ကန်ပက်လက်၊ ပလက်ဝ၊ မတူပ်ီနဲ့ မင်းတပ်မြို့နယ်တို့ ဖြစ်ပါတယ်။ ထွက်လာတဲ့ အကျိုးအမြတ်ကို စိုက်ပျိုးရေးဌာနက ပိုင်ဆိုင်ပါတယ်။

ပုဂ္ဂလိကတွေကလည်း စိုက်ပျိုးပေမယ့် အထွက်နှုန်းနည်းလို့ မအောင်မြင်နိုင်ခဲ့ဘူးလို့ စိုက်ပျိုးသူတွေက ပြောပါတယ်။

သက္ကရာဇ် ၂ဝဝဝ နောက်ပိုင်းက ချင်းပြည်နယ် လက်ဖက်ပြည်နယ် ဖြစ်ရမည်လို့ လက်ဖက်ပင်တွေကို စစ်အစိုးရက စိုက်ခိုင်းလာခဲ့တာပါ။


ဖလမ်းမြို့ ဝန်ထမ်းတချို့
ချင်းပြည်နယ်