စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > အာဘော်နှင့်အမြင် > အယ်ဒီတာ့ထံပေးစာ > ဈေးနေ့မှာ စရဖ ငွေညှစ်လို့

ဈေးနေ့မှာ စရဖ ငွေညှစ်လို့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


သို့
အယ်ဒီတာ

တောင်ပြို(လက်ဝဲ)မြို့နယ်ခွဲ အမှတ် (၃) နယ်မြေ (စရဖ) တပ်ဆွယ်မှူးနှင့် အဖွဲ့သည် ၂ဝ၁ဝ ခုမေလ (၇) ရက်နေ့ နေ့လည်း ၂ နာရီ အချိန်ခန့်တွင် နတ်မြစ်တွင်း ငါးရှာနေသော တံငါသည် ဖြစ်သည့် သဲချောင်းအုပ်စု၊ ကျွန်းတော်ရွာသစ် ကျေးရွာနေ ဒိုဒူဟာကိမ်း(ဘ)ဘော်ဒေါ်ရာမန်အား ငါးပုဇွန် (၃) ကီလိုနှင့်အတူ (စရဖ) တပ်ဆွယ် ရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
letter
၂ဝ၁ဝ ခုနှစ် မေ ၇ ရက်နေ့တွင် မီးတိုက်ချောင်းဝတွင် ရိုးသားစွာဖြင့် ကွမ်းသီးပင် အနောက်ရွာနေ ဆုလ်တန်(ဘ) ဇော်မိရ်အာမတ်နှင့် မဲဒီကျေးရွာနေ နုရမမတ်(ဘ) မမတ်ဟူဆောင်းတို့ ၂ ဦးအား ငါးပုဇွန် (၃) ကီလိုနှင့် အတူ တွေရှိ၍ ၎င်းတို့၏ လှေ (၁)စီးနှင့် အတူ (စရဖ) ရုံးသို့ ခေါ်ဆောင်ချုပ်ဆောင်ထားရှိပြီး ၎င်းတို့အား ငွေကြေးများဖြင့် နားလည်မှုရယူ၍ ပြန်လည်လွတ်ပေးရေးကို စီစဉ်လျှက်ရှိကြောင်း သိရှိရပါသည်။

သဲချောင်း (ဂေါဒုရာ) ဈေးတွင်ဈေးနေ့များတွင် (စရဖ) တပ်ဆွယ်မှူးနှင့် အဖွဲ့မှ မကြာခဏ လာရောက်၍ ရွာသားများအား မဟုတ်မတရားဖမ်းဆီးချုပ်နှောင်ပြီး မတရားညင်းပမ်းနှိပ်စက်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။

တိုင်ကြားသူများ
၁။ ဒိုဒူဟာကိမ်း(ဘ)ဘော်ဒေါ်ရာမန်၊ ကျွန်းတော်ရွာသစ်။
၂။ နုရ်ဟာရှိမ်း(ဘ)မမတ်အာမိန်၊ ကျွန်းတော်ရွာဟောင်း။
၃။ နုရ်ဟူဆောင်း(ဘ) အလီအမတ်၊ ကျွန်းတော်ရွာဟောင်း။
၎။ ဆုလ်တန်(ဘ)ဇော်မိရ်အမတ်၊ ကွမ်းသီးပင်။
၅။ ဆုလ်တန်(ဘ) ဇော်မိရ်အာမတ်၊ ကွမ်းသီးပင်။