သို့
အယ်ဒီတာ
ရခိုင်ပြည်နယ် မောင်တောမြို့ ဟာဝါဘီ အလယ်တန်းကျောင်းမှာ မြို့နယ်အချို့ကနေ တာဝန်ကျလို့ လာပြီးစာသင်တဲ့ ဆရာ/ဆရာမ ၅ ယောက်ပဲ ရှိခဲ့ပါတယ်။ အရင်တုန်းက ၁၃ ယောက် ရှိခဲ့တာပါ။
မြို့နယ်ထဲမှာရှိတဲ့ ကျီးကန်းပြင်ရွာ အခြေစိုက် နစက (နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲမှု ဌာနချုပ်) တပ်ဖွဲ့ အရာရှိတွေက ကျောင်းသားအချင်းချင်း စကားများ ရန်ဖြစ်တာကအစ ဝင်ပါလေ့ရှိတဲ့အပြင် ဆရာ/ဆရာမတွေကို အညှိုးအတေးထားလို့ ကျောင်းအုပ်ဆရာမကြီးနဲ့ ဆရာ/ဆရာမ စုစုပေါင်း ၈ ယောက် ကျောင်းကနေ ထွက်သွားခဲ့ပြီးပါပြီ။
အခုအခါ နစက ရုံးအုပ်ကြီး ဗိုလ်ကြီးအောင်ကျော်မိုးရဲ့ ဇနီး အပါအဝင် နောက်ထပ် ၅ ယောက်ကို ဆွဲခန့်လာပါတယ်။ ၁ဝ တန်းအောင် ဆရာ/ဆရာမ ၅ ယောက် ဖြစ်ပါတယ်။
ခေါ်ထားတဲ့ ဆရာ/ဆရာမတွေက သူငယ်တန်း တတန်းကိုပဲ စာသင်ပေးလို့ ကျောင်းသားတွေ စာအခြေခံ မကောင်းမှာကို မိဘတွေ စိုးရိမ်နေကြပါတယ်။
ဟာဝါဘီကျောင်းဟာ အစ္စလာမ်ဘာသာဝင် ကျောင်းသားတွေ တက်ခွင့် မရှိတဲ့ ကျောင်းပါ။ ရခိုင်လူမျိုးတွေနဲ့ နစက ကျောင်းသားတွေပဲ တက်ခွင့်ရတဲ့ ကျောင်းဖြစ်ပါတယ်။
ကျောင်းသားမိဘ







