စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > အာဘော်နှင့်အမြင် > အယ်ဒီတာ့ထံပေးစာ > သန်လျင်ကျောင်းနဲ့စည်းကမ်း

သန်လျင်ကျောင်းနဲ့စည်းကမ်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

သို့

အယ်ဒီတာ

ကျွန်တော်တို့ ကသန်လျင် GTC ကျောင်းကပါ။ ကျွန်တော်တို့ရဲ့ ခံစားနေရတာတွေကို ပြောပြချင်လို့ပါ။

အခုကျွန်တော်တို့ ကျောင်းကို ပါချုပ်အသစ် ဖြစ်တဲ့ ဒေါက်တာ အောင်ကျော်မြတ် ပြောင်းလာပါတယ်။ အရင် ပါချုပ် ဆရာမကြီးကမှ အခုဆရာကြီးထက် စာရင် ပိုသဘောကောင်းအုန်းမယ် ခင်ဗျာ။ အခု ပါချုပ်ကဗျာ ကျွန်တော်တို့ကို လပတ်စာမေးပွဲကို တခုံမှာ နှစ်ယောက်ထိုင်ပြီး အတန်းတင် စာမေးပွဲဖြေခိုင်းသလို ဖြေခိုင်း နေတာပါ။ ဘယ်တက္ကသိုလ်မှာမှ မရှိတဲ့ အစဉ်အလာမျိုးပါ။

နောက်တခုက ကျောင်းစည်းကမ်း ဖျောက်ဖျက်တယ်ဆိုပြီး ဆံပင်နည်းနည်းလေးရှည်တဲ့ ကျောင်းသားတွေ ကိုလည်း ကျောင်းသားကဒ် သိမ်းတယ်။ ဆံပင်ကို အရောင်ဆိုးတဲ့ ကျောင်းသားတွေကိုလည်း ကျောင်းသာကဒ် သိမ်းတယ်။ ကျောင်းဝတ်စုံ မ၀တ်တဲ့ လူတွေကိုလည်း ကျောင်းသားကဒ် သိမ်းတယ်။

ကျွန်တော်တို့ တတ်နေတာ အထက်တန်းကျောင်းမှ မဟုတ်တာ။ အထက်တန်း ကျောင်းလို လာအုပ်ချုပ်တော့ နည်းလမ်း မကျဘူးပေါ့ဗျာ။ ကျောင်းသားတယောက်မှာ အရေးကြီးဆုံးက ကျောင်းစာရပြီး ကျောင်းမှန်မှန် တက်ပြီး ကျောင်းနေရတာပျော်ဖို့ဘဲလို့ ယူဆပါတယ်။ အခုတော့ ကျောင်းနေရတာ မပျော်ကြတော့ ဘယ်လို လုပ်ကြမလည်း။ တက္ကသိုလ် တတ်တယ်ဆိုတာပျော်ဖို့ မကောင်းဘဲ စိတ်ညစ်ဖို့ ကောင်းနေတယ်။