လူငယ်များနဲ့ မြင့်တက်လာသော လေဖြတ်ခြင်းအန္တရာယ်

လူငယ်များနဲ့ မြင့်တက်လာသော လေဖြတ်ခြင်းအန္တရာယ်

ရေးသားသူ Dr. Thant Zin
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe.

လေဖြတ်ခြင်းအကြောင်းပြောတဲ့အခါမှာ အများစုဟာ သက်ကြီးပိုင်းတွေကိုပဲ မြင်မိကြပါတယ်။ ဒါပေမယ့် မကြာသေးမီက စာရင်းဇယားတွေအရ လူငယ်တွေမှာလည်း လေဖြတ်နှုန်းမြင့်လာကြောင်း သိရပါတယ်။ သွေးတိုးခြင်း၊ ဆီးချိုရှိခြင်း၊ အဝလွန်ခြင်း၊ ကိုလက်စထရောတက်ခြင်းနဲ့ နှလုံးရောဂါစတဲ့ လေဖြတ်ခြင်းဖြစ်ပွားနိုင်ခြေ အကြောင်းရင်းများဟာလည်း မြင့်တက်လာနေပါတယ်။

အသက်ကြီးပိုင်းတွေဟာ အဆီနဲ့ ကယ်လ်စီယမ်တွေ သွေးကြောမှာဖုံးပြီး လေဖြတ်နေကြတဲ့အချိန်မှာ လူငယ်ပိုင်းတွေဟာလည်း မွေးရာပါနှလုံးရောဂါ၊ နှလုံးခုန်မမှန်ခြင်းနဲ့ တခြားကျန်းမာရေး ပြသနာတွေကြောင့် လေဖြတ်တတ်ကြပါတယ်။ လူငယ်များမှာဖြစ်တဲ့ လေဖြတ်ခြင်းရဲ့တဝက်ဟာ သွေးကြောပိတ်လို့ လေဖြတ်တာဖြစ်ပြီး ကျန်တဲ့တဝက်ကတော့ သွေးကြောပေါက်ပြီး လေဖြတ်ခြင်း ဖြစ်ပါတယ်။ အားသာချက်ကတော့ လူငယ်များဟာ လေဖြတ်ပြီးပြန်ကောင်းတာ ပိုပြီး မြန်ဆန်တတ်ပါတယ်။ ရောဂါဒဏ်ကိုပိုပြီး ခံနိုင်ရည်ရှိတဲ့ဦးနှောက်၊ သိပ်မဆိုးတဲ့ ကျန်းမာရေးအခြေအနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့် လူငယ်ပိုင်းတွေ လေမဖြတ်တတ်ဘူးလို့ ထင်နေကြဆဲဖြစ်လို့ လူငယ်တွေဟာ လေဖြတ်ရင်တောင် မသိလိုက်ကြပါဘူး။ လေဖြတ်တဲ့လက္ခဏာကို မှားယွင်းယူဆပြီး ခေါင်းတခြမ်းကိုက်ခြင်းလို့တောင် ထင်ကြပါတယ်။ လူငယ်တွေမှာ လေဖြတ်ခြင်းမြင့်လာတဲ့ တခြားအကြောင်းကတော့ အဝလွန်သူတွေ များလာလို့ ဆီးချိုဖြစ်ပွားပြီး လေဖြတ်နိုင်ခြေ များလာတာပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ယှဉ်ရင် အမျိုးသားတွေမှာ ဖြစ်ပွားတာနည်းပါတယ်။ အမျိုးသမီးတွေဟာ သန္ဓေတားဆေးနဲ့ တခြားဟော်မုန်းဆေးတွေ သောက်ရလို့ ဖြစ်နိုင်ခြေပိုများခြင်း ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် လူငယ်တွေဟာ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ မူးယစ်ဆေးသုံးခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း စတဲ့နေထိုင်မှုပုံစံတွေကို ရှောင်ရှားသင့်ပါတယ်။ လေဖြတ်နိုင်ခြေအန္တရာယ်ကို ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း၊ သင့်တင့်မျှတစွာစားသောက်ခြင်း၊ အရက်လျှော့သောက်ခြင်း၊ ဆေးလိပ်ရှောင်ခြင်း စတဲ့နည်းလမ်းတွေနဲ့ လျှော့ချနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly