အီရန် ငလျင်ကြောင့် သေဆုံးသူ ၁၂၉ ဦးအထိ ရှိလာ

အီရန် ငလျင်ကြောင့် သေဆုံးသူ ၁၂၉ ဦးအထိ ရှိလာ

Updated: အီရန် ငလျင်ကြောင့် သေဆုံးသူ ၁၂၉ ဦးအထိ ရှိလာကြောင်း နိုင်ငံပိုင်မီဒီယာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အီရတ်၊ အီရန်နှင့် ကူဝိတ်နိုင်ငံတို့မှာ အင်အားပြင်း ငလျင်လှုပ်၊ အနည်းဆုံး လူ ၆၅ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရ

အီရတ်နိုင်ငံ မြောက်ပိုင်းမှာ ရ.၃ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု နိုဝင်ဘာလ ၁၂ ရက် တနင်္ဂနွေနေ့  ဒေသစံတော်ချိန် ည ၉း၁၈ နာရီခန့်က လှုပ်ခတ်သွားခဲ့ပြီးနောက် အီရန်မှာ အနည်းဆုံး လူ ၄ ဦးနှင့် အီရန်မှာ ၆၁ ဦး သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း နောက်ဆုံးသတင်းများအရ သိရပါတယ်။

အမေရိကန်ဘူမိဗေဒက “ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများတယ်”လို့ ဆိုပါတယ်။ တူရကီ၊ အစ္စရေးနှင့် အာရပ်စော်ဘွားများပြည်ထောင်စုအပါအဝင် အရှေ့အလယ်ပိုင်းတစ်လျှောက် အဆိုပါငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။

ငလျင်ဟာ အီရန်နိုင်ငံ အရှေ့မြောက်ပိုင်း နယ်စပ်အနီး ဟာလာဂျပ် (Halabjah) ရဲ့ အနောက်တောင်ဘက် ၃၂ ကီလိုမီတာကို ဗဟိုပြုပြီး အနက် ၂၅ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့ပါတယ်။

အီရန်နိုင်ငံမှာ အနည်းဆုံး ကျေးရွာ ၈ ရွာ ပျက်စီးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံဌာနအရ သိရပါတယ်။

အချို့ကျေးရွာများမှာ လျှပ်စီးဓာတ်အား ပြတ်တောက်မှုခဲ့ကြောင်းလည်း သိရပါတယ်။

အီရန်နိုင်ငံဟာ မကြာခဏဆိုသလို ငလျင်လှုပ်ရှားမှု ခံစားရတဲ့ နေရာဖြစ်ပါတယ်။ အပြင်းထန်ဆုံး ငလျင်လှုပ်ခတ်မှုတွေဖြစ်တဲ့ ၁၉၉၀ ခုနှစ်၊ ဇွန်လ ငလျင်ကြောင့် လူပေါင်း ၃၇,၀၀၀ ဦး၊ ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ ငလျင်ကြောင့် လူ ၃၁,၀၀၀ ဦး အသီးသီး သေဆုံးခဲ့ကြပါတယ်။

Ref; The Sun. EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags