စာချုပ်သက်တိုး အပိုဆုကြေး ယူရို ၂၆ သန်း မပေးချေခဲ့တဲ့ ဘာစီလိုနာအသင်းကို နေမာ တရားစွဲဆို

စာချုပ်သက်တိုး အပိုဆုကြေး ယူရို ၂၆ သန်း မပေးချေခဲ့တဲ့ ဘာစီလိုနာအသင်းကို နေမာ တရားစွဲဆို
(ဓာတ်ပုံ - အီးပီအေ)

ပီအက်စ်ဂျီအသင်း ဘရာဇီး တိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဘာစီလိုနာမှာ စာချုပ်လက်မှတ်ရေးထိုးခဲ့စဉ် စာချုပ်ထဲမှာ ပါဝင်တဲ့ အပိုဆုကြေးငွေ ယူရို ၂၆ သန်း (ပေါင်သန်း ၂၃.၉၇) ကို အသင်းက ပေးချေမှုမရှိခဲ့တာကြောင့် ၎င်းရဲ့ အသင်းဟောင်းကို တရားစွဲဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်းက အသင်းမှ ပြောင်းရွှေ့သွားတဲ့ နေမာဆီမှ နစ်နာကြေး ယူရို ၈.၅ သန်းရရန် တရားစွဲမှုများပြုလုပ်လိုက်ခဲ့ပြီးနောက် နေမာကလည်း စာချုပ်သက်တိုး အပိုဆုကြေးရဲ့ ဒုတိယအကြိမ် အရစ်ချ ပေးချေမှု ယူရို ၂၆ သန်းကို ဘာစီလိုနာက မပေးခဲ့တဲ့အတွက် အခုလို တေရားစွဲဆိုမှုပြုလုပ်လာပါတယ်။

အဆိုပါ တရားစွဲဆိုမှုကို ဘာစီလိုနာရှိ အလုပ်သမားရေးရာခုံရုံးမှာ သြဂုတ် ၁၁ ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။

"ကစားသမားဟာ သူ့ကိုယ်တိုင် ပေးဆောင်မှု မပြုလုပ်နိုင်ပါက ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီပေးချမှုတွေအတွက် တာဝန်ယူဖို့လည်း ကလပ်အသင်းက တောင်းဆိုပါတယ်။"လို့ ဘာစီလိုနာက ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။

ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွေကြေး ယူရို ၂၂၂ သန်းဖြင့် ပြောင်းရွှေ့သွားတဲ့ နေမာဟာ ဘာစီလိုနာနှင့် ၅ နှစ်စာချုပ် လက်မှတ်ရေးထိုးခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက နေမာအတွက် စာချုပ်ဖျက်သိမ်းကြေး ယူရို ၂၀၀သန်းကျော်သာ ပေးခဲ့ခြင်းဖြစ်ရာ နေမာအတွက် ဘာစီလိုနာက ပေးချေခဲ့ရတဲ့ ဆုကြေးငွေကို ပေးချေခဲ့ခြင်း မရှိတာကြောင့် ဘာစီလိုနာက ပြန်လည် ရယူလိုနေပါတယ်။

နေမာဟာ ဘာစီလိုနာနှင့် စာချုပ် သက်တမ်းတိုးချုပ်ခဲ့ပေမယ့် စာချုပ်သက်တမ်းပြည့်အောင် မနေဘဲ အသင်းမှ ထွက်ခွာသွားခဲ့တာကြောင့် စာချုပ်သက်တမ်းအတွင်းပေးခဲ့တဲ့ ဆုကြေးငွေကို ပြန်ပေးအပ်ရန် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာထံ အပိုဆုကြေးငွေ ယူရို ၂၆ သန်း တောင်းဆိုထားတဲ့ နေမာရဲ့ တရားစွဲဆိုမှုကို လက်ခံရရှိခဲ့တယ်လို့ ဖီဖာအဖွဲ့ချုပ်က ပြောပါတယ်။

နေမာက ဘာစီလိုနာအသင်းရဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်သွားမယ်လို့ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

အသက် ၂၅ နှစ်ရှိ ကစားသမားရဲ့ စီမံခန့်ခွဲမှု အဖွဲ့ N & N Consultoria က ကစားသမားဟာ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများကို အပြည့်အဝလိုက်နာခဲ့တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

နေမာဟာ ဘာစီလိုနာမှာ ၄ နှစ်တာ ကစားခဲ့စဉ်အတွင်း လာလီဂါဖလား ၂ ကြိမ်၊ စပိန်ဘုရင့်ဖလား ၃ ကြိမ်နှင့် ၂၀၁၅ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

Ref; EFE_EPA, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags