Mizzima TV ကို ဖုန်းထဲမှာ ဘယ်လိုကြည့်ရမလဲ?

22 March 2019
Mizzima TV ကို ဖုန်းထဲမှာ ဘယ်လိုကြည့်ရမလဲ?

Mizzima TV Channel နဲ့ ထုတ်လွှင့်ပြသပြီးခဲ့တဲ့ အစီအစဉ်တွေကို ဖုန်းထဲကနေ အလွယ်တကူ ပြန်လည် ကြည့်ရှုနိုင်ပါတယ်။

ပထမဆုံး Mizzima TV Application ကို ဒီ Link ကနေ Download လုပ်လိုက်ပါ။ http://bit.ly/2XivowJ

Ooredoo Sim Card ရှိရုံနဲ့ Mizzima TV Channel ကို အခမဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ပြသခဲ့တဲ့ အစီအစဉ်ကောင်းတွေကို ပြန်လည် ကြည့်ရှုချင်ရင်တော့ တစ်ရက်ကို ၈၀ ကျပ်၊ တစ်ပတ်ကို ၅ဝဝကျပ်နဲ့ Subscribe လုပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

FOX Network Group ကနေ မြန်မာပြည်အတွက် တစ်ဦးတည်းမူပိုင် ပြသခွင့်ရတဲ့ တူရကီဇာတ်လမ်းတွဲတွေ၊ လူကြိုက်များ ရေပန်းစားနေတဲ့ ဘောလိဝုဒ်မူဗီတွေ စတာတွေကို အချိန်မရွေး ပြန်ကြည့်လို့ရပြီနော် ... 

ဧပြီလ ၁၃ ရက်ကနေ ၁၇ ရက်နေ့အထိ မုံရွာမြို့မှာ ကျင်းပပြုလုပ်မယ့် ချင်းတွင်းသင်္ကြန်ပွဲတော်ကိုလည်း တိုက်ရိုက်ထုတ်လွှင့်ပြသပေးဦးမှာ ဖြစ်ပါတယ်။ 

သင်္ကြန်တွင်းကို နေပူပူ ရေစိုစို အပြင်မထွက်ချင်တဲ့ Mizzima TV ပရိသတ်တွေအတွက် အိမ်ကနေပဲ မုံရွာက ချင်းတွင်းသင်္ကြန်ကို ကြည့်လိုက်တော့နော်။

ချင်းတွင်းသင်္ကြန်ဆိုတာကတော့ ၂၀၁၈ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး အအောင်မြင်ဆုံး၊ အစည်ကားဆုံးနဲ့ လူအများဆုံး သင်္ကြန်ပွဲတော်တစ်ခု ဖြစ်ခဲ့ပါတယ်။ 

ဒီပွဲတော်မှာ စားသောက်ဖွယ်ရာမျိုးစုံနဲ့၊ နာမည်ကျော် တေးသံရှင်၊ ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ တစ်နေကုန်တစ်နေခမ်း သီဆိုဖျော်ဖြေမှုတွေ၊ ချင်းတွင်းသဲသောင်ပြင်က သဲတွေနဲ့ ပြုလုပ် ပြသမယ့် နိုင်ငံခြားနဲ့ ပြည်တွင်းက သဲပန်းပုပညာရှင်တွေရဲ့ အ့ံမခန်းလက်ရာတွေ ၊ သားသားမီးမီးနဲ့ ကိုကိုမမတို့အတွက် ရေဆော့ကစားလို့ရမယ့် နေရာတွေ၊ ဖေဖေ မေမေ ဖိုးဖိုး ဖွားဖွားတို့အတွက် အနားယူ အပန်းဖြေနိုင်မယ့် နေရာတွေကို သောင်ပြင်မှာ အဆင့်မြင့်မြင့် ပြင်ဆင်ထားတယ်နော်။

ချင်းတွင်းသင်္ကြန်ကို ကိုယ်တိုင်ကိုယ်ကျ မရောက်ဖြစ်ဘူးဆိုရင်လည်း Mizzima TV Application ကနေ တိုက်ရိုက် ကြည့်ရှုနိုင်ပြီနော်။
 

Mizzima Weekly