NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

အင်နီယေစတာရဲ့ ဘာစီလိုနာအသင်းခေါင်းဆောင်ရာထူးကို မက်ဆီ ဆက်ခံ

.

(ဓာတ်ပုံ - အီးပီအေ)

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို ၂၀၁၈-၁၉ ရာသီအတွက် ဘာစီလိုနာအသင်းခေါင်းဆောင်အဖြစ် အသင်းကစားသမားတွေက သောကြာနေ့က သသောတူညီခဲ့တယ်လို့ သိရပါတယ်။ မက်ဆီဟာ အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်အဖြစ် ၂၀၁၅ ခုနှစ်တည်းက ခန့်အပ်ခံရသူဖြစ်ပါတယ်။

မက်ဆီဟာ ဂျေလိဂ်ဆီ ပြောင်းရွှေ့သွားခဲ့တဲ့ အင်နီယေစတာရဲ့ အသင်းခေါင်းဆောင်ရာထူးကို ဆက်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် လက်ထောက်အသင်းခေါင်းဆောင် ၃ ဦးကိုလည်း ခန့်အပ်ခဲ့ပါတယ်။

“၂၀၁၈-၁၉ ရာသီအတွက် ဘာကာအသင်းဟာ လာမာစီယာလူငယ်အကယ်ဒမီထွက် အသင်းခေါင်းဆောင် ၄ ဦး ရှိလာမှာဖြစ်ပါတယ်။ မက်ဆီ၊ ဘက်စ်ကွက်၊ ပီကေးနဲ့ ဆာဂျီရောဘတ်တိုတို့က ကွင်းအတွင်းမှာ အသင်းခေါင်းဆောင် လက်ပတ်ကို ပတ်ပါလိမ့်မယ်။”လို့ ကလပ်အသင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မက်ဆီပြီးရင် ဘက်စ်ကွက်၊ ပီကေးနဲ့ ဆာဂျီရောဘတ်တိုတို့က ဒုတိယ၊ တတိယနဲ့ စတုတ္ထအသင်းခေါင်းဆောင်တွေအဖြစ် ရွေးချယ်ခန့်အပ်ခံခဲ့ရတာပါ။

အခုလိုပဲ ၂၀၁၃-၁၄ ဘောလုံးရာသီက လာမာစီယာအကယ်ဒမီထွက် ကစားသမား ၄ ဦးကို အသင်းခေါင်းဆောင်အဖြစ် ဇာဗီ၊ အင်နီယေစတာ၊ မက်ဆီ၊ ဘက်စ်ကွက်တို့ကို ရွေးချယ်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်က ဘာစီလိုနာအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ မက်ဆီဟာ နူးကမ့်မှာ ၁၅ ရာသီမြောက်အဖြစ် ဖြတ်သန်းမှာဖြစ်ပြီး ၁၄ ရာသီအတွင်း ၆၅၇ ပွဲပါဝင်ကစားထားပြီး ၅၅၂ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။

မက်ဆီဟာ အာဂျင်တီးနား နိုင်ငံလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

Ref; EFE-EPA