‘အမ်ဘတ်ပီဟာ ပီလီလက်သစ်ဖြစ်တယ်’ - အာဆင်ဝင်ဂါး

‘အမ်ဘတ်ပီဟာ ပီလီလက်သစ်ဖြစ်တယ်’ - အာဆင်ဝင်ဂါး

အာဆင်နယ်အသင်းရဲ့ နည်းပြကြီး အာဆင်ဝင်းဂါးက ပီအက်စ်ဂျီအသင်းရဲ့လူငယ်ကစားသမား ကိုင်လီယန် အမ်ဘတ်ပီကို "ပီလီလက်သစ်'အဖြစ် ရည်ညွှန်းပြောဆိုလိုက်ပါတယ်။

ဂန်းနား နည်းပြ ဝင်းဂါးက အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ အမ်ဘတ်ပီဟာ ကမ္ဘာ့အကောင်းဆုံး ကစာသမားဖြစ်လာရန် အလားအလာရှိကြောင်း beIN SPORTS သို့ ပြောဆိုထားပါတယ်။

"ကျနော် ထင်ပါတယ် ... သူက အတော်လေး အသိဉာဏ်ထက်မြက်ပြီး သူများနှင့် မတူညီတဲ့ အသွင်သဏ္ဌာန်နှင့် မတူညီတဲ့ ယူကြည်မှုတွေ ရှိနေပါတယ်"လို့ ဝင်ဂါးက ပြောခဲ့ပါတယ်။

ဝင်ဂါးက အမ်ဘတ်ပီဟာ ပီလီအသစ်ဖြစ်တယ်လို့ ၎င်းရဲ့ သူငယ်ချင်းတွေကို ပြောခဲ့ပြီး သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာမယ်လို့လည်း ဆိုထားပြန်ပါတယ်။

"အမ်ဘတ်ပီနဲ့ စကားပြောမိရင် အသက် ၁၈ နှစ်လို့ ခင်ဗျာ ထင်မိမှ မဟုတ်ဘူး။ သူက ဘောလုံးကို ခြေထောက်ထဲ ရရှိသွားတာနဲ့ ခင်ဗျာကို ဆွဲဆောင်အောင် သူ အမြဲလုပ်ပြမှာဖြစ်ပြီးတော့ အလွန်ကောင်းမွန်တဲ့ တစ်စုံတစ်ခု အဖြစ်အပျက်တွေ ဖြစ်သွားနိုင်ပါတယ်။"လို့ ပြောကြားခဲ့ပါတယ်။

အမ်ဘတ်ပီဟာ ပြီးခဲ့တဲ့လက မိုနာကိုအသင်းကနေ ပီအက်စ်ဂျီအသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လာမယ့်နွေရာသီမှာ ပေါင် ၁၆၆ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့မှာဖြစ်ပါတယ်။

အဆိုပါလူငယ်ကစားသမားလေးဟာ ပြီးခဲ့တဲ့ သောကြာနေ့က  ပီအက်စ်ဂျီအသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့တဲ့ မက်တ်အသင်းနဲ့ပွဲစဉ်မှာ တစ်ဂိုး သွင်းယူခဲ့ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required