အာဆင်နယ် နောက်ခံလူ ချန်ဘားစ် အသင်းနှင့် သက်တမ်းတိုး စာချုပ်

အာဆင်နယ် နောက်ခံလူ ချန်ဘားစ် အသင်းနှင့် သက်တမ်းတိုး စာချုပ်
(ဓာတ်ပုံ - အီးပီအေ)

အာဆင်နယ်အသင်းရဲ့ လူငယ်နောက်ခံကစားသမား ချန်ဘားစ်ဟာ အသင်းနှင့်အတူ ၂၀၂၁ ခုနှစ်အထိ ရှိနေမယ့် (၄)နှစ် သက်တမ်းတိုး စာချုပ်ရေးထိုးလိုက်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ရာသီက မစ်ဒယ်ဘရော့အသင်းကို အငှားနဲ့ သွားရောက်ကစားခဲ့တဲ့  အသက် ၂၂ အရွယ်သာရှိနေသေးတဲ့ အင်္ဂလန်ကစားသမားဟာ ၂၀၁၄ ခုနှစ်က ဆောက်သမ်တန်အသင်းမှ အာဆင်နယ်အသင်းဆီ ပေါင် ၁၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

သူဟာ ပရီးမီးယားလိဂ်မှာ ပွဲ ၆၀ ကစားခဲ့ပေမယ့် ဒီရာသီမှာတော့ ၁ ပွဲသာ ကစားခဲ့ပါတယ်။

ချန်ဘားစ်ဟာ ၂၀၁၄ ခုနှစ်အတွင်းမှာ အင်္ဂလန်အတွက် ၃ ပွဲ ကစားခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly