လီဗာပူးလ်ကွင်းလယ်လူ လယ်လာနာ ပေါင်ဒဏ်ရာကြောင့် (၂)လခန့် အနားယူရမည်

လီဗာပူးလ်ကွင်းလယ်လူ လယ်လာနာ ပေါင်ဒဏ်ရာကြောင့် (၂)လခန့် အနားယူရမည်
(ဓာတ်ပုံ - အီးပီအေ)

လီဗာပူးလ်အသင်းကွင်းလယ်လူ လယ်လာနာဟာ ပေါင်ဒဏ်ရာကြောင့် (၂)လခန့် အနားယူရမှာဖြစ်ကြောင်း နည်းပြ ယာဂန်ကလော့ပ်က သောကြာနေ့က ကြေညာခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင်ကွင်းလယ်ကစားသမား လယ်လာနာဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အက်သလက်တီကိုနှင့် ကစားခဲ့တဲ့ Audi Cup ဗိုလ်လုပွဲမှာ ၎င်းဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

"ကံမကောင်းစွာနဲ့ပဲ လယ်လာနာရခဲ့တဲ့ ဒဏ်ရာဟာ ရက်သတ္တပတ်များသာ မဟုတ်ဘဲ လပိုင်းအထိ အနားယူဖို့ လိုအပ်ပါတယ်။ သူကို့ သြဂုတ်နှင့် စက်တင်ဘာလတွေမှာ လက်လွှတ်ရဖွယ်ရှိတယ်လို့ ကျနော် ထင်ပါတယ်။"လို့ ည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။

ဒါ့ကြောင့် အသက်(၂၉)နှစ်အရွယ်ရှိ လယ်လာနာဟာ ဒီလအစောပိုင်းမှာ ကစားရမယ့် အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်တဲ့ မော်လ်တာနှင့် ဆလိုဗက်ကီးယားပွဲစဉ်တို့ကို လွှဲချော်မှာဖြစ်ပါတယ်။

လယ်လာနာဟာ ယခုဒဏ်ရာကြောင့် ဟော်ဖန်ဟင်မ်နှင့်ကစားမယ့် ချန်ပီယံလိဂ်ခြေစစ်ပွဲအပြင် ဝက်ဖို့ဒ်၊ ပဲလေ့စ်၊ အာဆင်နယ်၊ မန်စီးတီး၊ ဘန်လေ၊ လက်စတာတို့နှင့်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲများကိုလည်း လွဲချော်ဖွယ်ရှိနေပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags