ထိုင်ဝမ်အတွက် အရေးကြီးသည့် ရွေးကောက်ပွဲ မဲများ စတင်ပေးပြီ

ထိုင်ဝမ်အတွက် အရေးကြီးသည့် ရွေးကောက်ပွဲ မဲများ စတင်ပေးပြီ

တိုင်ပေ၊ ဇန်နဝါရီ ၁၆ ။             ။ ထိုင်ဝမ်အတွက် အလွန်အရေးကြီးသည့် ရွေးကောက်ပွဲကို ကျင်းပနေပြီဖြစ်ကာ ပြည်သူများက မဲများစတင်ပေးလျက်ရှိပြီဖြစ်သည်။ ယခုရွေးကောက်ပွဲသည် ပထမဆုံး အမျိုးသမီးခေါင်းဆောင်ကို တင်မြှောက်လာနိုင်သည့် ရွေးကောက်ပွဲလည်း ဖြစ်လာနိုင်ကာ တရုတ်နှင့် အနာဂတ်ဆက်ဆံရေး မရေရာသည့် လမ်းကြောင်းပေါ်လည်း ရောက်ရှိလာသည့်   ရွေးကောက်ပွဲတစ်ရပ်လည်းဖြစ်သည်။

တရုတ်က ထိုင်ဝမ်သည် ၎င်းမှ ခွဲထွက်ပြည်နယ်တစ်ခုအဖြစ်သာ မြင်ထားပြီး လိုအပ်လျှင် အင်အားသုံးကာ ၎င်းလက်အောက်သို့ ပြန်သွင်းမည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

ယခုရွေးကောက်ပွဲတွင် အတိုက်အခံ ဒီမိုကရက်တစ်ရှေ့ဆောင်ပါတီ DPP မှ ဥက္ကဌဖြစ်သူ Tsai lng-wen သာ အနိုင်ရခဲ့လျှင် ထိုင်ဝမ်လွတ်လပ်ရေးလမ်းစအတွက် အောင်ပွဲတစ်ရပ်ဖြစ်လာနိုင်သည်။

တရုတ်နှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်နိုင်ခဲ့သည့် အာဏာရ ကူမင်တန်ပါတီမှ Eric Chu က အပြိုင်ဝင်ရောက်အရွေးခံမည်ဖြစ်သည်။

ယခုထိုင်ဝမ်၏ သမ္မတနှင့် ပါလီမန်ရွေးကောက်ပွဲရလဒ်အပေါ် တရုတ်နိုင်ငံက အနီးကပ် စောင့်ကြည့်လျက်လည်းရှိသည်။

နှစ်ပေါင်း ၆၀ ကျော်အတွင်း နှစ်ဖက်ခေါင်းဆောင်အဆင့် ပထမဆုံး တွေ့ဆုံမှုအဖြစ် လက်ရှိထိုင်ဝမ်ခေါင်းဆောင် မာယင်ကျိုးနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က စင်ကာပူတွင် ပြီးခဲ့သည့်   နိုဝင်ဘာလအတွင်းက  တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ယခုရွေးကောက်ပွဲများ ထွက်ပေါ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required