“Friends” ဟာသဇာတ်လမ်းတွဲကို NBC ရုပ်သံလိုင်းတွင် ပြသသွားမည်

“Friends” ဟာသဇာတ်လမ်းတွဲကို NBC ရုပ်သံလိုင်းတွင် ပြသသွားမည်

NBC ရုပ်သံလိုင်း၏ အောင်မြင်မှုရရှိခဲ့သော “Friends” ရုပ်သံဇာတ်လမ်းတွဲ အစီစဉ်ကို လာမည့်လတွင် ပထမဆုံးအကြိမ်အဖြစ် ပြသရန် စီစဉ်လျက်ရှိကြောင်းနှင့် ယင်းအစီစဉ်ကို ၂၀၀၄ ခုနှစ်က အဆုံးသတ်ခဲ့ပြီးနောက်ပိုင်း ရုပ်မြင်သံကြား ဟာသဒါရိုက်တာ ဂျိမ်းစ်ဘာရိုကို ဂုဏ်ပြုသည့် အနေဖြင့် ပထမဆုံးအကြိမ် ထုတ်လွှင့်ပြသရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း NBC အလုပ်အမှုဆောင်များက ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားသည်။

ဂျနီဖာအန်နစ္စတန်၊ ကော်တီနေးကော့ဇ်၊ လီဆာကက်ဒ်ရိုး၊ မက်လီဘလန့်စ်၊ မက်သရူးပရေးနှင့် ဒေးဗစ်ဆွဇ်မာတို့ ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း NBC ဖျော်ဖြေရေးဥက္ကဋ္ဌ ဘော့ဂရင်းဘ လက်က ရုပ်မြင်သံကြား ဝေဖန်ရေးအဖွဲ့ရုံးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၁ ရက်တွင် အထူးအစီစဉ်အနေဖြင့် ပြသွားမည်ဖြစ်ပြီး ဘာရို ရိုက်ကူးထားသော “Cheers” ၊ “Frasier” နှင့် “Will & Grace” အပါအဝင် အခြားဟာသ အစီစဉ်များကိုလည်း ပြသသွား မည် ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ သရုပ်ဆောင် ခြောက်ဦးလုံးကို အစီစဉ်မှာ အတူပါဝင်ဖို့ မျှော်လင့်ထားပါ တယ်။ ဒါပေမဲ့ ဒါကို အသေချာ မပြောရဲသေးပါဘူး” ဟု ဂရင်းဘလက်က ပြောကြားသည်။

သရုပ်ဆောင် ခြောက်ဦးလုံးသည် “Friends” ရုပ်သံဇာတ်လမ်းတွဲဖြင့် အနုပညာအလုပ်ကို စတင်ခဲ့ကြသူများဖြစ်ပြီး ယင်းဇာတ်လမ်းကို လေလိုင်းမှတစ်ဆင့် ထုတ်လွှင့်ခဲ့ပြီးသည့် အချိန်မှစ၍ ၎င်းတို့ခြောက်ယောက် တစ်ဖွဲ့ အတူသရုပ်ဆောင်မှုများကို မြင်တွေ့ရခဲလှသည်။

“Friends” ရုပ်သံအစီစဉ်သည် NBC ၏ လူကြည့်အများဆုံး အစီစဉ်တစ်ခုဖြစ်ပြီး သမိုင်းတွင် အအောင်မြင်ဆုံး ရုပ်သံအစီစဉ်စာရင်းတွင် ပါဝင်ခဲ့သည့် အစီစဉ်တစ်ခု ဖြစ်သည်။ “Friends” အစီစဉ် ကို  ၁၉၉၄ ခုနှစ်က ပွဲဦးထွက် ထုတ်လွှင့်ခဲ့ကြောင်းနှင့် အသက်၂၀ လူလတ်ပိုင်းအရွယ် ခြောက်ဦး သည် မက်ဟက်တန်ဒေသတွင် ရေကြောင်းသွားလာမှု အလုပ်ကို ကြိုးစား လုပ်ကိုင်နေကြပြီး အချစ် နှင့်ဘဝ ရှင်သန်ရပ်တည်မှုတို့ကို ရင်ဆိုင်ကြုံတွေ့ရသည့် ပုံကို ပုံဖော် ရိုက်ကူးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly