အဆိုတော် မိုးမိုး၏ အတ္တကြီးနေသည် MTV အခွေထွက်ရှိမည်

အဆိုတော် မိုးမိုး၏ အတ္တကြီးနေသည် MTV အခွေထွက်ရှိမည်

ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ။          ။ အဆိုတော် မိုးမိုး၏ တတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ် ဖြစ်သည့် အတ္တကြီးနေသည် MTV အခွေ ကို ဇန်နဝါရီ ၃၁ရက် တွင် Bo Bo Music Production မှ မြန်မာတစ်နိုင်ငံလုံးသို့ စတင် ဖြန့်ချိ သွားမည် ဖြစ် သည်။

အဆိုတော် မိုးမိုး က "ဆင်ဆာ တင်တော့ ၁၇ပုဒ် ပါတယ်။ အဲဒီကနေ ပြန်ဖြုတ် ပေးပါ ဆိုတာနဲ့ဖြုတ်လိုက်တဲ့ သီချင်းတွေလည်း ရှိတယ် ။ကျွန်တော် ကိုယ်တိုင်ကလည်း တချို့ မကြိုက်တာတွေ ရှိတယ် အဲတာကြောင့် ၁၄ ပုဒ် ပါဝင်တာပါ။ ထူးခြား တာက Audio မှာ ပါတဲ့ ၁၂ပုဒ်လုံးက MTV မှာ မပါပါဘူး။ Audio မှာ ပါတဲ့ ၁၂ပုဒ် ထဲကနေ ၁၀ပုဒ်ပဲ ပါတယ်။ ၄ပုဒ်က Bonus Track ပါမယ်" ဟု ပြောသည်။

အတ္တကြီးနေသည် Audio CD တွင် တေးသီချင်း ၁၂ပုဒ် ပါဝင်ပြီး MTV အခွေမှာတော့ တေးသီချင်း ၁၄ပုဒ် ပါဝင်ကာ ဒါရိုက်တာများ အဖြစ် အဆိုတော် မိုးမိုး ၊ သရုပ်ဆောင် နေမင်း ၊ ဝင်းသူရလှိုင် ၊ MRTV-4 မှ ပါဝင် ရိုက်ကူး ပေးထား သည်။

သရုပ်ဆောင်များ အဖြစ် နေတိုး ၊ ကျော်ကျော်ဗို ၊ နေမင်း ၊ ထွန်းထွန်း ၊ ရဲလေး ၊ မိုးမိုး ၊ နေဝင်း(Snare) ၊ သွေးသစ္စာ ၊ ကိကိကျော်ဇော ၊ ကျော်ထူး ၊ ငြိမ်းစေမိုး ၊ တေဇမိုး ၊ Laureal Art သင်တန်းသားများ ၊ မေကဗျာ ၊ အေးမြတ်သူ ၊ မြတ်ပီတိမိုး ၊ ဝင့်ယမုံလှိုင် ၊ Super Models တို့မှ ပါဝင် သရုပ်ဆောင် ပေးထားသည်။

Bonus Track တွင် ပါဝင်သည့် ထာဝရနှင်းဆီ သီချင်းသည် အဆိုတော်မိုးမိုး ၂၀၀၈ ခုနှစ် နှင်းဆီအငြိမ့်တွင် ပါဝင် ကပြ ခဲ့သည့် အချိန်တွင် ရေးသားထားသည့် သီချင်းဖြစ်ပြီး အတ္တကြီးနေသည် MTV အခွေတွင် Bonus Track အနေဖြင့် ထည့်သွင်း ပေးထားခြင်း ဖြစ်သည်။

အတ္တကြီးနေသည် MTV အခွေ ထွက်ရှိသည့် ဇန်နဝါရီ ၃၁ရက် တွင် ညနေ ၃နာရီ လှည်းတန်း စိန်ဂေဟာ၌ အဆိုတော် မိုးမိုး နှင့် အတူ ပါဝင်သည့် အနုပညာရှင်များမှ အမှတ် တရ လက်မှတ် ရေးထိုး   ပေးသွားမည် ဖြစ်ပြီး အခွေ ဝယ်ယူသူများကို အမှတ်တရ လက်ဆောင်များလည်း ပေး သွားမည် ဖြစ်သည်။

၎င်း အနေဖြင့် ၂၀၁၆ ခုနှစ် ထဲတွင် ၎င်း၏ One Men Show ကို ပြုလုပ် သွားမည် ဖြစ်သလို ထို ဖျော်ဖြေပွဲကို Music အသားပေးသည့် ပုံစံမျိုးဖြင့် ပြုလုပ် သွားမည် ဖြစ်သည်။

အဆိုတော် မိုးမိုး သည် ၂၀၀၄ /၂၀၀၅ တွင် ကြယ် အမည်ရှိ တစ်ကိုယ်တော် တေးအယ်ဘမ် Audio CD ကို ပထမဆုံး ထွက်ရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ဒုတိယ တေးအယ်ဘမ် ဖြစ်သည့် တနင်္ဂနွေမိုးရေစက်များ Audio CD ၊ ၂၀၀၈/၂၀၀၉ ခုနှစ်တွင် တနင်္ဂနွေမိုးရေစက်များ MTV ၊ ၂၀၁၀ ခုနှစ်တွင် အတ္တကြီးနေသည် Audio အခွေ ၊ ထွက်ရှိ ခဲ့သူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required