ဂျာကာတာတွင် တိုက်ခိုက်မှုများဖြစ်ပြီးနောက် မလေးရှားက အမြင့်ဆုံးလုံခြံုရေးတပ်လှန့်

14 January 2016
ဂျာကာတာတွင် တိုက်ခိုက်မှုများဖြစ်ပြီးနောက် မလေးရှားက အမြင့်ဆုံးလုံခြံုရေးတပ်လှန့်

စင်ကာပူ၊ ဇန်နဝါရီ ၁၄ ။         ။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် မလေးရှားက အမြင့်ဆုံးလုံခြုံရေးတပ်လှန့်မှု ပြုလုပ်လိုက်ကြောင်း တော်ဝင်မလေးရှားရဲတပ်ဖွဲ့က ဇန်နဝါရီ၁၄တွင် ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်နွယ်နိုင်သည်ဟု သံသယရှိသည့် သူများကို စောင့်ကြည့်နေသည်ဟုလည်း ရဲတပ်ဖွဲ့ကပြောသည်။ ဇန်နဝါရီ ၁၄က အင်ဒိုနီးရှားမြို့တော်တွင်   ဖြစ်ပွားသော   ပေါက်ကွဲမှုများကြောင့် တိုက်ခိုက်သူငါးဦးနှင့် အရပ်သားနှစ်ဦးသေဆုံးကြောင်း လုံခြုံရေးဝန်ကြီး လူဟတ်ပန်ဂျိုင်းတန်က ပြောသည်။

မလေးရှားနိုင်ငံက မည်သည့်နည်းဖြင့်မဆို ကူညီရန်လိုလားကြောင်းလည်း ဝန်ကြီးချုပ်နာဂျစ်ရာဇတ်က အစောပိုင်းက တွစ်တာတွင် ပြောကြားခဲ့သည်။ ဂျာကာတာတွင် ဖြစ်ပေါ်ခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှု များကြောင့် နက်နက်ရှိုင်းရှိုင်းတုန်လှုပ်ခြောက်ခြားမိပြီး မည်သည့်နည်းဖြင့်မဆို ကူညီရန် မလေးရှားက အသင့်ရှိပါကြောင်း မစ္စတာနာဂျစ်က ရေးသားခဲ့သည်။

ယခုခြောက်ခြားဖွယ်ဖြစ်ရပ်ကြောင့် သေဆုံးသူများအတွက် စာနာကာဆုတောင်းပေးကြောင်းနှင့် အားလုံးအန္တရာယ်ကင်းစွာနေနိုင်ပါစေကြောင်း မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီး လီယောင်တိယုန်လယ် ကလည်း တွစ်တာတွင် ရေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly