ကေတီပရိုက်စ် ကိုယ်ဝန်ရှိနေပြီဟူသော သတင်းမှာ မဟုတ်ကြောင်း ခင်ပွန်းဖြစ်သူ ပြောကြား

ကေတီပရိုက်စ် ကိုယ်ဝန်ရှိနေပြီဟူသော သတင်းမှာ မဟုတ်ကြောင်း ခင်ပွန်းဖြစ်သူ ပြောကြား

ကေတီပရိုက်စ်သည် ခြောက်ယောက်မြောက် ကိုယ်ဝန်ကို လွယ်ထားရပြီဟူသော သတင်းမှာ မဟုတ်ကြောင်း ခင်ပွန်းဖြစ်သူ ကီရန်ဟေလာက ပြောကြားသည်။

“ကေတီနဲ့ ကျွန်တော်ဟာ သူမရဲ့ အစာအိမ်ကြွက်သားတွေ ကျန်းမာသန်စွမ်ဖို့အတွက် လေ့ကျင့်ခန်းတွေ လုပ်နေပါတယ်။ သက်တောင့်သက်သာ ရှိဖို့အတွက် ခပ်ပွပွအဝတ်တွေကို ဝတ်ဆင် တယ်။ အဲဒါကြောင့် ကေတီမှာ ကိုယ်ဝန်ရှိနေပြီလို့ ကောလဟာလသတင်းတွေ ထွက်လာတာဖြစ်ပါ တယ်” ဟု အသက် ၂၈ နှစ်အရွယ်ရှိ ခင်ပွန်းဖြစ်သူ ဟေလာက New မဂ္ဂဇင်းနှင့် ပြုလုပ်သောတွေ့ဆုံမေးမြန်း ခန်းတွင် ပြောကြားသည်။

“ကေတီက အင်္ကျီခပ်ပွပွတွေ ဝတ်တာများတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံးက အားကစား ဝတ်စုံ၊ အင်္ကျီခပ်ပွပွ ကဲ့သို့သော သက်တောင့်သက်သာဖြစ်တဲ့ အဝတ်အစားတွေကို ဝတ်ရတာ ကြိုက်တယ်။ အဲလိုဝတ်တာကို လူတွေက ကေတီမှာ ကိုယ်ဝန်ရှိနေပြီလို့ ယူဆပုံရတယ်။ သူမမှာ ကိုယ်ဝန်ရှိနေတာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားသည်။

“ကေတီဟာ လွန်ခဲ့တဲ့ နှစ်နှစ်က ကိုယ်ဝန်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရရှိဖို့ဆိုတာ ခက်ခဲပါတယ်။ အခုအချိန်မှာ သူမဟာ ခန္ဓာကိုယ်ကို ထိန်းသိမ်းချင်ပါတယ်။ ကျွန်တော်က သူမ စား မယ့် အစားအစာတွေကို ချက်ကျွေးတယ်။ အားကစားရုံမှာ သူမကို လေ့ကျင့်ခိုင်းတယ်။ သူမကို အခြား ဘယ်အကြောင်းအရာကိုမှ စိတ်မပူပန်စေချင်ဘူး” ဟု ၎င်းက ပြောကြားသည်။

မော်ဒယ်မှ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးအဖြစ် ပြောင်းလဲခဲ့သော ကေတီသည် လွန်ခဲ့ သည့်လက Instagram တွင် ၎င်း၏ ဓာတ်ပုံကိုတင်ခဲ့ပြီး “သတင်းသစ်တစ်ခုကြားဖို့ သုံးရက်ပဲ လိုတော့တယ်” ဟူသော စာသားကို ရေးသားခဲ့သည့်အပြင် စိတ်ခံစားမှုကို ဖော်ပြသော ပုံများကိုလည်း တင်ခဲ့ပြီး ယင်းပုံများတွင် ကလေးနို့ဗူး ပုံတစ်ပုံလည်း ပါဝင်ခဲ့သည်။ ယင်းသို့ တင်ခဲ့မှုကြောင့် ပရိတ် သတ်များသည် မကြာမီရက်များအတွင်း ကေတီသည် ကိုယ်ဝန်ရှိနေပြီဟူသော သတင်းကို ကြေညာ မည်ဟု တွေးထင်ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly