တရုတ် ရုပ်ရှင်ကုမ္ပဏီ Wanda Group က ဟောလီးဝုဒ် ရုပ်ရှင်ကုမ္ပဏီ Legendary ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ဝယ်ယူ

တရုတ် ရုပ်ရှင်ကုမ္ပဏီ Wanda Group က ဟောလီးဝုဒ် ရုပ်ရှင်ကုမ္ပဏီ Legendary ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ဝယ်ယူ

တရုတ် စီးပွားရေးကော်ပိုရေးရှင်း  Dalian Wanda Group သည် ဟောလီးဝုဒ်ရုပ်ရှင် စတီဒီ ယို  Legendary Entertainment ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံဖြင့် ဝယ်ယူရန် စာချုပ် ချုပ်ဆိုခဲ့သည်။

Wanda ကုမ္ပဏီသည် “Jurassic World” ကဲ့သို့သော အောင်မြင်မှုရရှိခဲ့သည့် ဇာတ်ကားများ ကို ထုတ်လုပ်သည့် Legendary ကုမ္ပဏီကို ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း  ပေကျင်းမြို့တွင် ဇန်နဝါရီ ၁၂ ရက်က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်ပွဲတွင် Wanda ဥက္ကဋ္ဌ ဝမ်ကျီလင်က ပြောကြားသည်။

Wanda ကုမ္ပဏီသည် ကမ္ဘာလုံးဆိုင်ရာ ရုပ်ရှင်လောကတွင် နိုင်ငံ၏ အင်အားကြီးမားသည့် အဓိကကျသော ဟောလီးဝုဒ် စတူဒီယို Legendaryကို ပိုင်ဆိုင်ရန် ကြိုးပမ်းသည့် တရုတ်နိုင်ငံ၏ ပထမဆုံး ကုမ္ပဏီဖြစ်ကြောင်း ရုပ်ရှင်လောက စောင့်ကြည့်သူများက ပြောကြားသည်။

“Wanda ကုမ္ပဏီဟာ တရုတ်နိုင်ငံမှာ အကြီးမားဆုံး အောင်မြင်မှုတွေ ရရှိထားတဲ့ ကုမ္ပဏီ ဖြစ်တယ်။ ဒါပေမဲ့ ဒီလောက်နဲ့တော့ မလုံလောက်သေးပါဘူး။ ကျွန်တော်တို့ ကုမ္ပဏီဟာ ကမ္ဘာ့ ရုပ်ရှင် လောကကို ခြေဆန့်ချင်ပါတယ်” ဟု ဝမ်က ပြောကြားသည်။

ဇန်နဝါရီ ၁၂ ရက်က ကြေငြာခဲ့သော စာချုပ်အရ Legendary ကုမ္ပဏီ၏ ရှယ်ယာအများစုကို ဝယ်ယူသွားမည်ဖြစ်ကြောင်း Wanda ကုမ္ပဏီက ပြောကြားသည်။ ညှိနှိုင်းရောင်းဝယ်မှု အစိတ်ပိုင်း တစ်ရပ်အဖြစ် Legendary ကုမ္ပဏီ တည်ထောင်သူတစ်ဦးဖြစ်ပြီး အမှုဆောင်အရာရှိချုပ် တစ်ဦးဖြစ်သူ သောမက်စ်တူလ်က ရုပ်ရှင်ထုတ်လုပ်မှုကို ဆက်လက် ဦးစီးလုပ်ဆောင်သွားမည် ဖြစ်သည်။

Wanda ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်ကလည်း မြောက်အမေရိက၏ ဒုတိယအကြီးဆုံး ရုပ်ရှင်ကုမ္ပဏီ AMC Entertainment Holdings Inc ကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလျံဖြင့် ဝယ်ယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required