မြောက်ကိုရီးယားခေါင်းဆောင် ကင်အားအပြစ်ပေးရာတွင် ကူညီရန် တောင်ကိုရီးယားက တရုတ်ကို တိုက်တွန်း

မြောက်ကိုရီးယားခေါင်းဆောင် ကင်အားအပြစ်ပေးရာတွင် ကူညီရန် တောင်ကိုရီးယားက တရုတ်ကို တိုက်တွန်း

ဆိုးလ်၊ ဇန်နဝါရီ - ၁၃ ။           ။ ပြီးခဲ့သည့် ရက်သတ္တပတ်က လေးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုအတွက် မြောက်ကိုရီးယားကို ကူညီအပြစ်ပေးရန် တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟီးက တရုတ်နိုင်ငံကို တိုက်တွင်းလိုက်ပြီး ကင်ဂျုံအန်၏ အဖျက်စွမ်းအားကြီးမားသည့် လက်နက်များ ပိုင်ဆိုင်ရေးကြိုးပန်းမှုများအား ရပ်တန့်ရေး ကမ္ဘာနှင့်အဝန်းက တုန့်ပြန်အရေးယူကြရန်လည်း တောင်းဆို လိုက်သည်။

ပေကျင်းတွင် တောင်ကိုရီးယား နျူကလီးယားသံတမန်နှင့် တရုတ်သံတမန်တို့ မတွေ့ဆုံမီ တစ်ရက်အလို ဗုဒ္ဓဟူးနေ့က ရုပ်သံလွှင့်သတင်းစာရှင်းလင်းပွဲတွင် ပက်က ယခုကဲ့သို့ ပြောကြား လိုက်ခြင်းပင် ဖြစ်သည်။ ပြုံယမ်းကို ပိုမိုပြင်းထန်စွာ အရေးယူရေး ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့မှ ကိုယ်စားလှယ်များမှာ ဗုဒ္ဓဟူးနေ့ ဆိုးလ်တွင် သီးခြားစီတွေ့ဆုံရန် စီစဉ်ထားသည်။

တရုတ်နိုင်ငံမှာ မြောက်ကိုရီးယား၏ အကြီးမားဆုံး ကုန်သွယ်ဖက်ပါ့တနာဖြစ်သည့်အပြင် ကုလ လုံခြုံရေးကောင်စီတွင် ဗီတိုသုံးစွဲခွင့်ရှိသည့် အဖွဲ့ဝင်လည်း ဖြစ်နေသောကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင်အား ၎င်း၏ သြဇာသုံး၍ ကင်ကိုထိန်းချုပ်ရန် ပက်က တိုက်တွန်းနေခြင်းပင် ဖြစ်သည်။

သူမ အာဏာရလာသည့် ၂၀၁၃ခုနှစ်နောက်ပိုင်းတွင် နှစ်နိုင်ငံဆက်ဆံရေးမှာ နက်ရှိုင်းလာခဲ့ကြောင်းနှင့် ဆင်းရဲသည့် အိမ်နီးချင်း၏ နျူကလီးယားလက်နက် တီထွင်မှုကို တရုတ်က ပေါ်ပေါ်တင်တင် ဆန့်ကျင်လာကြောင်းများကိုလည်း ပက်က သတိပေးပြောကြားခဲ့သည်။  

‘အကောင်းဆုံးပါ့တနာဆိုတာက ကိုယ်ဒုက္ခရောက်နေတဲ့အချိန်မှာ လက်ကမ်းပေးတဲ့လူပါ။ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေနဲ့ ပတ်သက်လို့ သည်းခံမှာမဟုတ်ဘူးဆိုတဲ့ သဘောထားကို တရုတ်က အကြိကြိမ် ပြခဲ့ပါပြီ။ မြောက်ကိုရီးယားရဲ့ ၅ကြိမ်၊ ၆ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုတွေကို ရှောင်လွှဲလို့မရဘူးဆိုတာရယ်။ သဘောထားကို လက်တွေ့အရေးယူမှုအဖြစ် မပြောင်းမလဲမချင်း ကိုရီးယားကျွန်းဆွယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို အာမမခံနိုင်ဘူးဆိုတာကို တရုတ်က ကောင်းကောင်းသိတယ်လို့ ကျွန်မယုံကြည်ပါတယ်’ဟု ပက်က သူမ၏ သမ္မတရုံးတွင် ပြောကြားခဲ့သည်။

ကင်က ဇန်နဝါရီ ၆ရက် စမ်းသပ်မှုကို ပိုမိုအားပြင်းသော နျူကလီးယားလက်နက်များ ထုတ်လုပ်ရေး တွန်းအားအဖြစ် အသုံးချလိုနေသည်။ နိုင်ငံ၏ အဏုမြူလက်နက်များ အရည်အသွေးရော အရေအတွက်ပါ တိုးတက်လာစေရန် ကင်က တိုက်တွန်းနေပြီး ပြီးခဲ့သည့် ရက်သတ္တပတ်က ဖောက်ခွဲစမ်းသပ်ခဲ့သည့် ဗုံးမျိုးကို ဖန်တီးနိုင်ခဲ့သည့်အတွက်လည်း သိပ္ပံပညာရှင်များကို ကင်က ချီးကျူးခဲ့သည်။

မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံးဟုပြောသည့် ကိရိယာကို စမ်းသပ်ခဲ့သည့်အတွက် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်မားလာခဲ့သည်။ ဆိုးလ်အစိုးရက စစ်မဲ့ဇုန်တွင် ကင်အစိုးရကို ဝေဖန် သည့် ဝါဒဖြန့်ထုတ်လွှင့်မှုများကို ပြန်လည်စတင်လာသဲကဲ့သို့ အမေရိကန်ကလည်း အင်အားပြသည့်အနေဖြင့် ဘီ-၅၂ တာဝေးဗုံးကြဲလေယာဉ်များကို တောင်ကိုရီးယားနိုင်ငံပေါ်တွင် ပျံသန်းခဲ့ သည်။ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာကမူ ထိုလုပ်ရပ်ကို စစ်ပွဲဆီသို့ တွန်းပို့နေသည့် ပိုမိုဆိုးရွားသော လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

နျူကလီးယားအရေး တင်းမာမှုများကြောင့် ခပ်တန်းတန်းဖြစ်နေသည့် ဆက်ဆံရေးကို ပြင်ဆင်တည့်မက်ရန်အတွက် တရုတ်က အောတိုဘာလက အဆင့်မြင့်သံတမန်တစ်ယောက်ကို ပြုံယမ်းသို့ စေလွှတ် ခဲ့ပြီးနောက်ပိုင်းတွင် ကင်၏ လက်ထက်တွင် ဒုတိယအကြိမ်မြောက်အဖြစ် မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှု ဖြစ်ပွားလာခဲ့ခြင်းပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required