ဖွဲ့စည်းပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခြင်းမပြုရန် အတည်ပြု

ဖွဲ့စည်းပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခြင်းမပြုရန် အတည်ပြု

နေပြည်တော်၊ဇန်နဝါရီ ၁၁ ။          ။ ပြည်ထောင်စုအစိုးရက ပေးပို့လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးဆောင်ရွက်ခြင်းမပြုရန် ဇန်နဝါရီ ၁၁ ရက်နေ့ က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်လိုက်ကြောင်းသိရသည်။

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက အစိုးရပေးပို့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရေးဥပဒေကြမ်း၏ အခန်း ( ၂ ) ပါ တားမြစ်ချက်များဖြစ်သည့် အပိုဒ်( ၃ ) အပိုဒ်ခွဲ (ဂ) အပိုဒ်ခွဲ ( စ ) ပါ ဥပဒေကြမ်း အစိတ်အပိုင်းသည်၂၀၀၈ ခု နှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၏ အခန်း ( ၁ )နိုင်ငံတော်၏ အခြေခံရမည့် မူများနှင့် စပ်လျဉ်း၍ ကျယ်ကျယ်ပြန့် ပြန့် ဆွေးနွေးရန် လိုအပ် ခြင်းကြောင့် ပြည်သူ့လွှတ်တော် တွင် ဆွေးနွေး ဆောင်ရွက်ခြင်းဘဲ မှတ်တမ်းတင်ထားပြီး ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် အစည်းအဝေးမှ သိရသည်။

ဥပဒေကြမ်းတင်သွင်းသည့် အစိုးရအဖွဲ့ကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပြည်သူ့လွှတ်တော်၏ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူများ၊ ဥပဒေရေးရာ နှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ ၊ ဥပဒေ ပြုရေးဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း ကော်မတီ မှ တာဝန်ရှိသူ များသည်၂၀၁၅ခုနှစ် စက်တင်ဘာလ၃ ရက်နေ့တွင် တစ်ကြိမ်၂၀၁၆ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင် တစ်ကြိမ် တွေ့ ဆုံမှု ပြုလုပ်ပြီး ပြည်ထဲရေးဝန်ကြီးဌာ န နှင့်ညှိုနှိုင်းတိုင်ပင်၍ လတ်တလော အတည်ပြုဆောင်ရွက်ခြင်းမပြုဘဲ ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိပြီး ပြည်ထောင်စု လွှတ်တော်တွင် ပြန်လည် ပေးပို့ရန် သဘော တူ ဆုံးဖြတ်ခဲ့ကြောင်း ပြည်သူလွှတ်တော် ဥပဒေကြမ်း ကော်မတီက လွှတ်တော် တွင် အစီအရင်ခံခဲ့သည်။
 
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရေးဥပဒေကြမ်း၏အခန်း ( ၂ ) ပါ တားမြစ်ချက်များဖြစ်သည့် အပိုဒ်( ၃ ) အပိုဒ်ခွဲ (ဂ) တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များကို ဆန့်ကျင်၍ မည်သည့် အာဏာရှင် နိုင်ငံရေး စနစ်ကိုမဆို ရှေးရှုရန် သို့မဟုတ် ကျင့်သုံးရန် တစ်စုံ တရာ ပြုလုပ်ခြင်း ထောက်ခံခြင်း တိုက်တွန်းခြင်း လှုံ့ ဆော်ခြင်း အားပေးခြင်း သို့မဟုတ် ဝါဒဖြန့်ချိခြင်း မည်သူမျှ တစ်ဦးချင်းအနေဖြင့် သော်လည်းကောင်း အသင်းအနေဖြင့်သော်လည်ကောင်း အမှု ဆောင်အဖွဲ့အနေဖြင့် သော်လည်းကောင်း မပြုလုပ်ရဟု ပါရှိသည်။

အပိုဒ်ခွဲ ( စ )တွင် လည်းဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသောအခြေခံမူများကို ဆန့်ကျင်သည့် အဖွဲ့အစည်း များနှင့် လုပ်ငန်းများကို ထောက်ခံခြင်း အားပေးခြင်း သို့မဟုတ်ဝါဒ ဖြန့် ချိ ခြင်း မည်သူမျှ တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း အသင်းအနေဖြင့်သော်လည်ကောင်း အမှု ဆောင်အဖွဲ့အနေဖြင့် သော်လည်းကောင်း မပြု လုပ် ရ ဟု ပါ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required