နိုင်ငံရေးနှင့် ပတ်သက်အကြောင်းအရာ များဖြေကြားပေးရန်အတွက် Call Center တည်ထောင်ရန်စီစဉ်

နိုင်ငံရေးနှင့် ပတ်သက်အကြောင်းအရာ များဖြေကြားပေးရန်အတွက် Call Center တည်ထောင်ရန်စီစဉ်

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ။           ။ ပြည်သူ့နီတိ၊ အခြေခံဥပဒေ၊ ဥပဒေပြုရေး(လွှတ်တော်)၊ ရွေးကောက်ပွဲ၊ လက်နက်ကိုင်ပဋိပက္ခနှင့် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး အစရှိသည်တို့နှင့် ပက်သက်သည့် မေးခွန်းများကို ဖြေကြားပေးနိုင်ရန်အတွက် Call Center တည်ထောင်ရန်စီစဉ် ဆောင်ရွက်နေကြောင်း လူငယ်နှင့် လူမှုသဟဇာတဖြစ်ရေးဌာန( Center for Youth and Social Harmony)မှ Project Coordinator ကိုဝေယံတင်ထွေးက မဇ္ဈိမသို့ ပြောသည်။

လူမှုဗေဒဆိုင်ရာမေးခွန်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား မေးခွန်းမေးမြန်းဖြေကြားခြင်း အစီအစဉ်ကို "ဘာ" Let's Ask – Myanmar Facebook page မှ စမ်းသပ်ဆောင်ရွက် လျက်ရှိပြီး နောက်ပိုင်းတွင် call center တစ်ခုကဲ့သို့ ဖွင့်လှစ်ဆောင်ရွက်ပြီး ဖုန်းခေါ်ဆို၍သော်လည်းကောင်း၊ message ပို့၍သော် လည်းကောင်း မေးမြန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

" လွှတ်တော်အတွင်းမှာရှိတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ သူတို့ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူတွေကြားမှာ ပွင့်လင်းမြင်သာပြီး အချက်အလက်စီးဆင်းမှု ပိုမိုကောင်းမွန်စေဖို့ရယ်၊ ထိရောက်မြန်ဆန်တဲ့ နိုင်ငံရေးသတင်းတွေ ပေးနိုင်ဖို့ရယ်၊ နိုင်ငံသားတိုင်း ဒီမိုကရေစီနိုင်ငံရေးမှာ ပါဝင်ပက်သက်မှု မြင့်မားလာစေဖို့အတွက် ရည်ရွယ်ပြီး ဒီ Let's Ask – Myanmar Facebook page ကို လုပ်ဖြစ်တာပါ " ဟု လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ဆုံမေးမြန်းရာတွင် ဘောင်အတွင်းမှ မေးခွန်းများကိုသာ ဖြေကြားနိုင်ဦးမည် ဖြစ်ကြောင်း၊ နောင်တွင် ဖုန်း (သို့)ဖုန်း application များမှ မက်ဆေ့ပို့ မေးမြန်းနိုင်ရန် စီစဉ်နေကြောင်း ၎င်းကပြောသည်။

မေးမြန်းလာသည့် မေးခွန်းများအား ရန်ကုန်ရှိ administrator များနှင့် နေပြည်တော် လွှတ်တော်အတွင်းရှိ administrator တို့ ချိတ်ဆက်၍ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံ သွားရောက်မေးမြန်းပြီး ပြန်လည်ဖြေကြားပေးမည့်အပြင် ဥပဒေရေးရာသာမက တခြားသော အကြောင်းအရာများကိုပါ သက်ဆိုင်ရာ ပညာရှင်များနှင့် ချိတ်ဆက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly