စမ်းချောင်းမြို့နယ် မြသီတာလမ်း မီးလောင်မှုတွင် နေအိမ် ၁၄ လုံးခန့် ဆုံးရှုံး

စမ်းချောင်းမြို့နယ် မြသီတာလမ်း မီးလောင်မှုတွင် နေအိမ် ၁၄ လုံးခန့် ဆုံးရှုံး
ပြည်သူများက ရေပုံးများလက်ဆင့်ကမ်း၍ မီးကူငြိမ်းသတ်ပေးစဉ်။ ဓာတ်ပုံ - ဖြိုးသီဟ

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ။            ။ စမ်းချောင်းမြို့နယ်၊ ကျွန်းတော (မြောက်) ရပ်ကွက်၊ ရှမ်းလမ်းဈေးအနီး မြသီတာလမ်းတွင်မီးလောင်ကျွမ်းမှုတွင် လူနေအိမ် ၁၄ လုံးခန့် ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်ဦးက ပြောသည်။

" ဆယ်ပေပတ်လည်လောက်ရှိတဲ့ လူနေအိမ် ၁၄လုံးလောက် မီးလောင်ပျက်ဆီးသွားတယ်။ ဒါပေမယ့် လူတော့ထိခိုက်ဒဏ်ရာရတာမရှိပါဘူး" ဟု စမ်းချောင်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်ဦးက မဇ္ဈိမသို့ ပြောသည်။

ယင်းမီးလောင်မှုသည် ယနေ့ နံနက် ၁၀း၅၅ နာရီတွင် စတင်လောင်ကျွမ်းခဲ့ပြီး ၁၁း၃၈ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မြသီတာလမ်း၊ အိမ်အမှတ် ၁၀ နေ မရင်သန်း ကုန်ခြောက်ဆိုင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မည်ကဲ့သို့လောင်ကျွမ်းသည်ကို စစ်ဆေးလျက်ရှိကြောင်း ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly