အီရန်အမြင့်ဆုံုးခေါင်းဆောင် ခါမေနီက နျူကလီးယားသဘောတူညီချက်နှင့် ပတ်သက်သည့် အမေရိကန်၏ အဓိကတောင်းဆိုချက်များကို ပယ်ချ

အီရန်အမြင့်ဆုံုးခေါင်းဆောင် ခါမေနီက နျူကလီးယားသဘောတူညီချက်နှင့် ပတ်သက်သည့် အမေရိကန်၏ အဓိကတောင်းဆိုချက်များကို ပယ်ချ

တီဟီရန်၊ ဇွန်-၂၄ ။    ။ အားလုံးအကြုံးဝင်တဲ့ သဘောတူညီချက်အတွက် နောက်ဆုံးသတ်မှတ်ရက်ရောက်ဖို့ ရက်ပိုင်းအလိုမှာပဲ အီရန်၏ အကြီးမြင့်ဆုံးခေါင်းဆောင်က ကမ္ဘာ့အင်အားကြီးနိုင်ငံများနဲ့ နျူကလီးယားစေ့စပ်ညှိနှိုင်းမှုအပေါ် သူ့သဘောထားကို ခပ်မာမာဖော်ပြလိုက်သည်။

ဇွန် ၂၃ရက်နေ့ညက ပြောကြားသည့် မိန့်ခွန်းတစ်ခုတွင် အီရန်၏ အကြီးမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက စီးပွားရေးပိတ်ဆို့မှုများကို ဦးစွာပထမ ဖယ်ရှားပေးမှသာလျှင် အီရန်အနေဖြင့် ၎င်း၏ နျူကလီးယား အဆောက်အအုံများကို ဖြုတ် သိမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သုတေသနနှင့် တီထွင်မှုများကို ၁၀နှစ်တာ ရပ်ဆိုင်းထားရန်နှင့် စစ်ဖက်နေရာ များကို စုံစမ်းစစ်ဆေးသွားရန် တောင်းဆိုချက်များကိုလည်း ခါမေနီက ပယ်ချလိုက်သည်။.

P5+1ဟုခေါ်သည့် အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ တရုတ်၊ ရုရှနှင့် ဂျာမနီတို့က အီရန်ကို နျူကလီးယားလှုပ်ရှားမှုများအား နျူက လီးယားလက်နက် မတည်ဆောက်နိုင်တော့သည်အထိ အမြဲတန်းအတွက် လျှော့ချစေလိုကြသော်လည်း အီရန်ကမူ ၎င်း၏ နျူက လီးယားအစီအစဉ်မှာ ငြိမ်းချမ်းသော အရပ်ဖက်သုံးအတွက်သာ ရည်ရွယ်သည်ဟု အကြောက်အကန်ပြောလာနေခဲ့သည်။

သဘောထားတင်းမာသူများနှင့် စစ်ဖက်ခေါင်းဆောင်များက အပြင်းအထန် ဝေဖန်နေသည့်ကြားမှပင် အယာတိုလာ အလီ ခါမေနီက အီရန်၏ စေ့စပ်ညှိနိုင်းသူများကို ထောက်ခံလာနေခဲ့သော်လည်း အကန့်အသတ်ကိုမူ ပြတ်သားစွာ စဉ်းတားထားသည်။

ဇွန်၂၃ရက်နေ့က နိုင်ငံပိုင်ရုပ်သံတွင် ထုတ်လွှင့်သွားခဲ့သည့် မိန့်ခွန်းတွင် ခါမေနီက ယေဘူယျစီမံကိန်းအရ သဘောတူထားခဲ့ သည့် ၁၀နှစ်တာ နျူကလီးယား သုတေသနနှင့် တီထွင်မှုများ ရပ်ဆိုင်းထားရေး သဘောတူညီချက်ကို ပယ်ချပစ်ခဲ့သည်။

‘၁၀နှစ်ကန့်သတ်ချက်ကို ကျနော်တို့ လက်မခံနိုင်ဘူး။ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို ကန့်သတ်ချက်နှစ်ဘယ်လောက်ဆိုရင် လက်ခံနိုင်ဖွယ်ရှိတယ်လို့ ပြောထားပြီးသား။ ကန့်သတ်ထားတဲ့ နှစ်တွေအတွင်းမှာလည်း သုတေသနနဲ့ တီထွင်မှုတွေကို ဆက်လုပ်သွားရမှာပဲ’’ဟု ခါမေနီက ပြောကြားခဲ့သည်။

ဆက်လက်ပြီး အီရန်စီးပွားရေးကို ထော့ကျိုးဖြစ်နေစေသည့် အမေရိကန်၊ အီးယူနှင့် ကုလ ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖယ်ရှားရေး တွင်လည်း အမေရိကန်ပြည်ထောင်စုက ရှုပ်ထွေးသော ဖော်မြူလာများကို ဖန်တီးနေသည်ဟုလည်း စွပ်စွဲပြောကြားလိုက်သည်။

‘ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားတာဟာ အီရန်ရဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ခြင်းအပေါ် မူမတည်နိုင်ပါဘူး’’ဟု ၎င်းက သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly