ရန်ကုန်တိုက်စစ်မှူးသစ် မာဆယ်လိုဒဏ်ရာကြောင့် ရာသီအစပွဲစဉ်များကို လွဲချော်ဖွယ်ရှိ

ရန်ကုန်တိုက်စစ်မှူးသစ် မာဆယ်လိုဒဏ်ရာကြောင့် ရာသီအစပွဲစဉ်များကို လွဲချော်ဖွယ်ရှိ
ရန်ကုန်အသင်းမှ အသစ်ခေါ်ယူထားသော တိုက်စစ်မှူး မာဆယ်လို။ (ဓာတ်ပုံ- YUFC)

ဇန်နဝါရီ ၁၀၊ ရန်ကုန်။ ။              ။ ၂၀၁၆ဘောလုံးရာသီအတွက် ရန်ကုန်ယူနိုက်တက်အသင်းမှအသစ်ခေါ်ယူထားသော ဘရာဇီးတိုက်စစ်မှူး မာဆယ်လိုမှာ ဒဏ်ရာကြောင့် ရာသီအစပွဲစဉ်အချို့ကို လွဲချော်ဖွယ်ရှိနေသည်။

မာဆယ်လိုမှာ မြန်မာနေရှင်နယ်လိဂ်တွင်ပထမဆုံးလာရောက်ကစားခြင်းဖြစ်ပြီး ဒဏ်ရာကြောင့် ကြံ့ခိုင်မှု မပြည့်ဝသဖြင့် နည်းပြ အီမာဆင်၏ပွဲထွက်လူစာရင်းတွင် ချန်လှပ်ခြင်းခံထားရသည်။ “မာဆယ်လိုက ကြံ့ခိုင်မှုပြည့်ဝဖို့လိုနေပါတယ်။ ဒါကြောင့် ကျွန်တော့်အသင်းလူစာရင်းမှာ အက်ဒီဆင်ကို ဦးစားပေးသုံးမှာပါ။ သူ့အနေနဲ့ ပွဲထွက်ခွင့်ရဖို့ဆိုရင်တော့ အမြန်ဆုံးကြံ့ခိုင်အောင် ကြိုးစားဖို့လိုပါတယ်။”ဟု ရန်ကုန်အသင်းနည်းပြချုပ် အီမာဆင်ကပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၆ဘောလုံးရာသီအတွက် နိုင်ငံခြားသစားကစားသမားများအဖြစ် ဘရာဇီးဂိုးသမား ဖာနန်ဒို၊ ဘရာဇီးတိုက်စစ်မှူးများဖြစ်သော အက်ဒီဆင်၊ မာဆယ်လို ဂျပန်နောက်ခံလူ ရာမာရှီတာ တို့ကို ခေါ်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required