2016 Super Bowl ဘောလုံးပြိုင်ပွဲတွင် ဘီယွန်စေး ဖျော်ဖြေသွားမည်

2016 Super Bowl ဘောလုံးပြိုင်ပွဲတွင် ဘီယွန်စေး ဖျော်ဖြေသွားမည်

လော့အိန်ဂျလိစ်၊ ဇန်နဝါရီ ၉ ။             ။ နာမည်ကျော် အဆိုတော် ဘီယွန်စေးသည် ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပပြုလုပ်မည့် Super Bowl ဘောလုံးပြိုင်ပွဲ ပထမပိုင်းအပြီး အားလပ်ချိန်   ဖျော်ဖြေပွဲ၌ ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်း သတင်းအရင်းမြစ်တစ်ခုက Us Weekly သို့ အတည်ပြု ပြောကြားခဲ့သည်။

ကာလီဖိုးနီးယားပြည်နယ် ဆန်တာကလာရာမြို့ Levis အားကစားကွင်းတွင် ကျင်းပပြုလုပ် မည့် Pepsi ကုမ္ပဏီက ကမကထ ပြုလုပ်သော Super Bowl ဘောလုံးပြိုင်ပွဲ ပထမပိုင်းအပြီး အားလပ်ချိန် ဖျော်ဖြေပွဲတွင် ဘီယွန်းစေးသည် Coldplay ရော့ခ်တေးဂီတ အဖွဲ့နှင့်အတူ ဖျော်ဖြေ သွားမည် ဖြစ်သည်။

ဘီယွန်းစေးသည် Coldplay အဖွဲ့နှင့် ယခင်က ဖျော်ဖြေဖူးကြောင်းနှင့် မကြာသေးမီက Coldplay အဖွဲ့၏ တေးသီချင်းအယ်လ်ဘမ်သစ် A Head Full of Dreams တွင်လည်း ပါဝင်ခဲ့သည်။ ဘီယွန်စေးသည် ၂၀၁၃ ခုနှစ်က နယူးအော်လန်မြို့တွင် ပြုလုပ်သော Super Bowl ဘောလုံးပြိုင်ပွဲ အားလပ်ချိန် ဖျော်ဖြေပွဲတွင် ဖျော်ဖြေခဲ့ဖူးသည်။

အမေရိကန် အမျိုးသား ဘောလုံးအဖွဲ့ချုပ်၏ နှစ်စဉ် ပြုလုပ်နေကျ  Super Bowl ဘောလုံး ပြိုင်ပွဲသည် အမေရိကန်ပြည်တောင်စုတွင် ကြည့်ရှုသူ အများဆုံး အားကစားပွဲတစ်ခု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags