အစ္စရေးသစ်သီးဝလံများ မြန်မာ့စျေးကွက်သို့ ပထမဆုံး စတင်ဝင်ရောက်လာ

အစ္စရေးသစ်သီးဝလံများ မြန်မာ့စျေးကွက်သို့ ပထမဆုံး စတင်ဝင်ရောက်လာ

အစ္စရေးနိုင်ငံက သစ်သီးဝလံများကို မြန်မာနိုင်ငံသို့ ပထမဆုံးအဖြစ် အစ္စရေးကုမ္ပဏီတစ်ခုက စတင်ဈေးကွက်တင်သွင်းလာပြီဖြစ်သည်။

အစ္စရေးသံရုံး၏ ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်ချက်အရ အစ္စရေးပို့ကုန်ကုမ္ပဏီ Agroterra က ပြည်တွင်း စီးတီးမတ်ကုမ္ပဏီနှင့် ပူးပေါင်းကာ အရည်အသွေးကောင်းမွန်သော ဂရိတ်ဖရုသီးနှင့် တလည်းသီးများကို တင်သွင်းပြီး ရန်ကုန်ရှိ စီးတီးမတ်ဆိုင်များတွင် စတင်ရောင်းချသွားတော့မည်ဖြစ်သည်။

အစ္စရေးနိုင်ငံသည် စိုက်ပျိုးရေးနည်းစနစ်နှင့် နည်းပညာပိုင်းတွင် ထိပ်တန်းနိုင်ငံဖြစ်ပြီး အထူးသဖြင့် ရေသွယ်ဆည်မြောင်းစနစ် အထူးကောင်းမွန်မှုရှိသည့် နိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍတွင် မြန်မာနိုင်ငံက အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်လျက်လည်း ရှိနေသည်။

အစ္စရေးသံရုံးနှင့် သံအမတ်ကြီး ဒန်နီယယ်ဇိုဟာဇွန်ရှင်းတို့က စိုက်ပျိုးရေးကဏ္ဍတွင် မြန်မာက အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ကူညီအားပေးလျက်ရှိသည်။

အစ္စရေးနိုင်ငံသည် နိုင်ငံ၏ ပထဝီ အနေအထားနှင့် ရာသီဥတုအရ သဘာဝအတိုင်း စိုက်ပျိုးရေးအတွက် မလွယ်ကူသော အနေအထားရှိသော်လည်း စိုက်ပျိုးရေးနည်းစနစ်များတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်နေကာ အရည်အသွေးကောင်း စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ခြင်းဖြင့် ဂုဏ်ယူလျက်ရှိသည့် နိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags