ထိုင်းနိုင်ငံ၌ ကလေးများနေ့ ကျင်းပရာပွဲလမ်းသဘင်တွင် ပွဲစင်ပြိုကျမှုဖြစ်

ထိုင်းနိုင်ငံ၌ ကလေးများနေ့ ကျင်းပရာပွဲလမ်းသဘင်တွင် ပွဲစင်ပြိုကျမှုဖြစ်

ဘန်ကောက်၊ ဇန်နဝါရီ ၉ ။           ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဇန်နဝါရီ ၉ ရက် ကလေးများနေ့ကျင်းပရာ ဆီယမ်ပါရာဂွန်ရှော့ပင်းစင်တာတွင် ပွဲစင်ပြိုကျမှုဖြစ်ခဲ့ပြီး ကလေးများအပါအဝင် လူ ခုနှစ်ဦး ဒဏ်ရာရခဲ့သည်။

ကပြဖျော်ဖြေသည့် ပွဲစင်ကို သတ္တုဖြင့် ဆောက်ထားခြင်းဖြစ်သော်လည်း ပြိုကျမှုဖြစ်သဖြင့် ပွဲကြည့်နေသူများကြား ဝရုန်းသုန်းကား ဖြစ်ပွားသွားခဲ့သည်။

ဒဏ်ရာရသူ ခုနစ်ဦးရှိရာ အနီးရှိဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရကြောင်း သတင်းများတွင် ဖောြ်ပသည်။ ရဲက ပြိုကျရသည့် အကြောင်းရင်း စုံစမ်းရန် ပွဲကို ရပ်နားခိုင်းထားကြောင်း ကြေညာသည်။

ကလေးများနေ့အထိမ်းအမှတ်ပွဲလမ်းသဘင်များကို ယခုရှော့ပင်းစင်တာ၌ ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required